UEC ဥက္ကဋ္ဌဟောင်းဦးလှသိန်းနှင့်အဖွဲ့ဝင်ဟောင်းဦးမြင့်နိုင်တို့အား နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန်ရှေးရှု၍ ပြစ်ဒဏ်များအားဖြေလျော့ပေးခဲ့ဟု နစက ထုတ်ပြန်

0
266

UEC ဥက္ကဋ္ဌဟောင်းဦးလှသိန်းနှင့်အဖွဲ့ဝင်ဟောင်းဦးမြင့်နိုင်တို့ကျခံနေရသည့် ပြစ်ဒဏ်များနှင့်ဆက်လက်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ဖြေလျော့ပေးခဲ့မှုနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ နိုဝင်ဘာ ၉ ရက်(ယနေ့)တွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

UEC ဥက္ကဋ္ဌဟောင်းဦးလှသိန်းနှင့်အဖွဲ့ဝင်ဟောင်းဦးမြင့်နိုင်တို့အား လူမှုရေးအရငဲ့ညှာခြင်း၊နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှု၍ အောက်တိုဘာလ ၂၅ ရက်က ဆက်လက်ကျခံရန်ကျန်ရှိနေသည့် ပြစ်ဒဏ်များအား ဖြေလျော့ပေးပြီး ကျခံနေရသည့် ပြစ်ဒဏ်အသီးသီးမှ ဖြေလျော့ကင်းလွတ်ခွင့်ပြုခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ဖြေလျော့ပေးခဲ့ခြင်းမှာ ၎င်းတို့၏ အသက်အရွယ်ကြီးမြင့်မှုနှင့်ကျန်းမာရေးအခြေအနေတို့အရ ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်ဝန်ခံ၍ ဆက်လက်ကျခံရန်ကျန်ရှိနေသည့် ပြစ်ဒဏ်အား ဖြေလျော့ပေးပါရန် နိုင်ငံတော်အစိုးရထံသို့ အသ နားခံစာတင်ပြခဲ့ကြသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

UEC ဥက္ကဋ္ဌဟောင်းဦးလှသိန်းနှင့်အဖွဲ့ဝင်ဟောင်းဦးမြင့်နိုင်တို့သည် ရွေးကောက်ပွဲတွင်မဲမသမာမှုများလုပ်ဆောင်ခဲ့၍ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်အသီးသီးချ မှတ်ခြင်းခံထားရသူများဖြစ်သည်။

တပ်မတော်မှ ၎င်းတို့၏ ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်အပေါ်ပြန်လည်ဖြေရှင်းပေးရန်တောင်းဆိုမှုနှင့်ပတ်သက်၍ သမ္မတဟောင်းဦးဝင်းမြင့်ထံ ၎င်းတို့မှတင်ပြခဲ့သော် လည်း သမ္မတဟောင်းက နိုင်ငံရေးအရရရှိထားသည့် အခွင့်အာဏာထက်ကျော်လွန်ကာ ကော် မရှင်လုပ်ဆောင်ချက်များအပေါ် လွှမ်းမိုးထားမှုရှိခဲ့ပြီး မဲစာရင်းများကိုပြန်လည်စစ်ဆေးရန်ငြင်း ဆန်ခဲ့သည်ဟု ၎င်းတို့ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

Photo Credit – uec.gov.mm


LEAVE A REPLY

Please enter your comment!
Please enter your name here