အင်စတာဂရမ်ပေါ်တွင် ကိုယ်ပိုင်လေယာဉ်နှင့် ဇိမ်ခံကားများကို ကြွားလုံးထုတ်သူ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရ

0
248

ကိုယ်ပိုင်လေယာဉ်များနှင့် ဇိမ်ခံကားများ စီးနေသည့် လူနေမှုပုံစံကို အင်စတာဂရမ် ပေါ် တင်ကာ ကြွားလုံးထုတ် ဟန်ရေးပြခဲ့သည့် နိုင်ဂျီးရီးယား နိုင်ငံသား တစ်ဦးအား ဒေါ်လာသန်းပေါင်းများစွာ လိမ်လည်မှုဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

အင်စတာဂရမ်တွင် ဖော်လိုဝါ သန်းပေါင်းများစွာရထားသူ ရေး ဟက်ရှ်ပါပီ ခေါ် ရေမွန် အဘာ့စ်  ဆိုသူသည် ငွေမည်းခဝါချမှုတွင် ပူးပေါင်းကြံစည်ခဲ့ကြောင်း ပြီးခဲ့သည့်နှစ် ဧပြီလက ဖြောင့်ချက် ပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စု ခရိုင်တရားသူကြီးက ထောင်ဒဏ်အပြင် လိမ်လည်ခံရသူနှစ်ဦးအား လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်း ပေးဆောင်ရန်ကိုလည်း တနင်္လာနေ့က အမိန့်ချမှတ်ခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်တွင် အဘာ့စ် သည် ပိုက်ဆံအထပ်လိုက်အား စက္ကူကဲ့သို့ လေပေါ် ပစ်လွှင့်နေသည့် ဗီဒီယိုများကိုတင်ကာ သူ့ကိုယ်သူ အိမ်ခြံမြေ လုပ်ငန်းရှင်တစ်ဦး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့ရာတွင် ဖက်ဒရယ် စုံစမ်းစ်‌ဆေး ရေးမှူးများက မီဒီယာပေါ်တွင် ကြွားလုံးထုတ်နေသည့် ပိုက်ဆံများမှာ ၎င်း၏ ဒေါ်လာ ၂၄ သန်း ကျော် အွန်လိုင်း ဟက်ကာ အစီအစဉ်များ မှတစ်ဆင့် ရရှိခဲ့သည်ဟု ဆိုသည်။

၎င်း၏ ပစ်မှတ်များထဲတွင် အမေရိကန် ဥပဒေ အကျိုးဆောင် ကုမ္ပဏီ၊ နိုင်ငံခြား ဘဏ်တစ်ခုနှင့် အမည်မဖော်လိုသည့် ဗြိတိန် ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းတို့ ပါဝင်ကြောင်း သိရသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here