YBS ၆၁ ယာဉ်ပေါ်တွင် ခရီးသည်များအား သံတုတ်များဖြင့်ရိုက်နှက်ကာ အနုကြမ်းစီး ဓါးပြတိုက်သည့် တရားခံ (၈) ဦးအား ဖမ်းမိ

0
456

မရမ်းကုန်းမြို့နယ်၊ သမိုင်းဈေးဘူတာမှတ်တိုင်အနီး၌ YBS 61 ယာဉ်ပေါ်တက်၍ ခရီးသည်များအား သံတုတ်ဖြင့် ရိုက်နှက်ကာ အနုကြမ်းစီး ဓါးပြတိုက်ခဲ့သည့် တရားခံ (၈) ဦးအား ယနေ့ နိုဝင်ဘာ (၉) ရက် နံနက်ပိုင်းတွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ တရားခံများသည် နိုဝင်ဘာလ ၈ ရက် ညနေပိုင်းက သံတုတ်များဖြင့် ခရီးသည်များအား ရိုက်နှက်ပြီး ဖုန်းများကို အနုကြမ်းစီး ဓားပြတိုက်ခဲ့ခြင်း ဖြစ်ကာ ပြည်သူ(၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရားခံများမှာ မင်းသိန်းနိုင်၊ အောင်မျိုးသန့်၊ လှိုင်ဖြိုးမောင်၊ ဖြိုး မောင်၊ မျိုးမင်းအောင်၊ ထွန်းထွန်းဦး၊ အောက်ကျော်ဆန်းနှင့် ဝင်းထူးတို့ဖြစ်ပြီး ယနေ့ နံနက်တွင် လုယက်မှုတွင် အသုံးပြုသည့် ပရိုဘောက်စ်ကား GG/5704 ဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နိုဝင်ဘာလ (၈) ရက် ညနေ (၄) နာရီဝန်းကျင်တွင် ရန်ကုန်မြို့တွင်းမှ လှိုင်သာယာဘက်သို့ ဦးတည်မောင်းနှင်လာသည့် ၆၁ ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် သမိုင်းဘူတာဈေးမှတ်တိုင်အနီးအရောက်တွင် အဆိုပါ ဖြစ်စဉ် ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံ‌ တွေ့ခဲ့ရသူများက လူမှုကွန်ရက်စာမျက်နှာများမှတဆင့် အသိပေးထား သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦး ရှိခဲ့ကြောင်း အဆိုပါ ကိုယ်တွေ့ကြုံခဲ့ရသူက လူမှုကွန်ရက်တွ င် ရေးသားထားသည်။

ပြီးခဲ့သည့် ‌နိုဝင်ဘာ (၆) ရက် ညနေ (၅) နာရီခွဲဝန်းကျင်ကလည်း အဆိုပါ ၆၁ ယာဉ်လိုင်းမှ ယာဉ်တစ်စီးပေါ်တွင် ဖုန်းနှင့် ရွှေထည်ပစ္စည်းများ လုယက်မှု ဖြစါပွားခဲ့ပြီး အ ဆိုပါ သမိုင်းဈေးဘူတာ မှတ်တိုင်အနီးတွင်ပင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သမိုင်ဘူတာဈေးအနီး ဗဟိုလမ်းပေါ်တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် YBS ၂၂ ယာဉ်တစ်စီးပေါ်တွင် အလားတူ ဖုန်းနှင့်၊ ရွှေထည်ပစ္စည်းများ၊ ငွေများ ဓါးပြတိုက်အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here