နီပေါတွင် ရစ်တာစကေး ၅ ဒသမ ၆ အဆင့်ရှိသော ငလျင်လှုပ်ခတ်မှုကြောင့် လူ ခြောက်ဦး ထက် မနည်းသေဆုံး

0
118

နီပေါနိုင်ငံ အနောက်ဘက်တွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ရစ်တာစကေး ၅ ဒသမ ၆ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၆ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများက ပြောသည်။

ငလျင်သည် ဆက်တီ ဒေသကိုဗဟိုပြု၍ အနက် ၁၅ ဒသမ ၇ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန (ယူအက်စ်ဂျီအက်စ်)က ဆိုသည်။

ဒိုတီခရိုင်ရှိ လူသူနည်းပါးသော Purbichauki ဒေသန္တရ အုပ်ချုပ်ရေးနယ်တွင် လူ ခြောက်ဦး ထက်မနည်းသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒုရဲမှူး Bhola Bhatta က စီအင်န်အင်န်သို့ ပြောသည်။

ငလျင်ကြောင့် နေအိမ် သုံးလုံး ပျက်စီးခဲ့ကြောင်းနှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

အာဏာပိုင်များက ငလျင်ဗဟိုချက်မှာ Khaptad အမျိုးသားဥယျာဉ်နားရှိ လူသူ နည်းပါးသောနေရာ၌ ဖြစ်ပွားခဲ့သဖြင့် သေဆုံးသူဦးရေ နည်းပါးရန် မျှော်လင့်ထားကြောင်း Bhatta က ပြောသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here