ယူကရိန်း၏ သတ်မှတ်ချက်များကို လိုက်လျောပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်လာနိုင်သည်ဟု ဇလန်စကီး ပြောလာ

0
196

ကိယက်ဗ်၊ နိုဝင်ဘာ ၈

ယူကရိန်း သမ္မတ ဇလန်စကီးက ရုရှားအား စစ်မှန်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် တွန်းအားပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား နိုဝင်ဘာလ ၇ ရက် တနင်္လာနေ့ ညနေပိုင်းတွင် တိုက်တွန်းခဲ့ပြီး ဆွေးနွေးပွဲစတင်နိုင်မည့် လိုအပ်ချက်များကို ဖော်ပြခဲ့သည်။

ဇလန်စကီးသည် ယူကရိန်းနယ်မြေများကို ပြန်လည်ပေးအပ်ရန်၊ စစ်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့မှု အားလုံးအတွက် လျော်ကြေးပေးရန်၊ စစ်ရာဇဝတ်မှု ကျူးလွန်သူတိုင်းကို အပြစ်ပေးရန်နှင့် ထိုအဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ဖြစ်မလာအောင် အာမခံချက်များပေးရန် အပါအဝင် ဆွေးနွေးပွဲစတင်နိုင်ရန်အတွက် လိုအပ်သည့် အခြေအနေများ ကို ဖော်ပြခဲ့သည်။

၎င်းသည် စက်တင်ဘာလနှောင်းပိုင်းတွင် ပူတင်နှင့် ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ဖော်ပြသည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သော ဇလန်စကီးထံမှ ပြောင်းလဲမှု တစ်ခုဖြစ်သည်။

ဇလန်စကီးက ကိယက်ဗ်သည် ဆွေးနွေးပွဲများ ပြုလုပ်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ရုရှားထံမှ ကြမ်းတမ်းသော တုံ့ပြန်မှုများသာ ပြနလည်ရရှိခဲ့ကြောင်း တနင်္လာနေ့က ပြောခဲ့သည်။

ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Andrei Rudenko က မော်စကိုဘက်ကမူ ယူကရိန်းနှင့် ဆွေးနွေးပွဲ ပြန်လည်စတင်ရန်အတွက် မည်သည့် စည်းကမ်းချက်များကိုမျှ မသတ်မှတ်ထားကြောင်းနှင့် ကိယက်ဗ်တွင် ပူးပေါင်းကူညီဆောင်ရွက်လိုစိတ် ကင်းမဲ့နေကြောင်း အင်္ဂါနေ့က ပြောခဲ့သည်။

ရုရှားဘက်က ဆွေးနွေးပွဲများစတင်လိုလျှင် ၎င်း၏ တိုင်းပြည်တွင်းမှ ရုရှားစစ်တပ်များ က အရင် ဆုတ်ခွာသွားရန် လိုအပ်ကြောင်း ဇလန်စကီး၏ အကြံပေး Mykhailo Podolyak တွစ်တာတွင် ရေးသားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here