ခင်ပွန်းလောင်းနှင့် အလုပ်အတူလုပ်ရန် တော်ဝင်ဘွဲ့ဂုဏ်အား စွန့်လွှတ်လိုက်သည့် နော်ဝေမင်းသမီး

0
229

နော်ဝေးနိုင်ငံမှ မင်းသမီး မာတာ လူးဝစ်သည် စေ့စပ်ထားသူနှင့်အတူ ၎င်း၏ ကိုယ်ပိုင် သဘာဝကုထုံး ဆေးဝါးလုပ်ငန်းတွင် အာရုံစိုက်နိုင်ရန်အတွက် မင်းသမီးဘွဲ့ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း နန်းတော်က ထုတ်ပြန်ခဲ့သည်။

“မင်းသမီးလေးဟာ တော်ဝင် အမှုထမ်းဆောင်တဲ့ ရာထူးကို စွန့်လွှတ်လိုက်ပြီ ဖြစ်တဲ့အတွက် လက်ရှိအချိန်မှာတော့ တော်ဝင်နန်းတော်ကို ကိုယ်စားပြုတော့မှာ မဟုတ်ပါဘူး” ဟု နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ဘုရင့်အလိုတော်အရ မင်းသမီးအား ၎င်း၏ ဘွဲ့ဂုဏ်ပုဒ်အား ဆက်လက် ဆက်ခံခွင့်ပေးထားကြောင်း ၎င်းက ဆိုသည်။

မင်းသမီးနှင့် ခင်ပွန်းလောင်း ဗဲရစ်တ်တို့ လက်ထက်လိုက်သည်နှင့် ဗာရက်သည် တော်ဝင်မိသားစုဝင် ဖြစ်လာမည် ဖြစ်သော်လည်း ဘွဲ့ဂုဏ်ပုဒ် ရရှိမည် မဟုတ်ကြောင်းနှင့် နန်းရေးရာတွင် မဲပေးနိုင်မည် မဟုတ်ကြောင်း နန်းတော်က ဆိုသည်။

၎င်းတို့နှစ်ဦးသည် နန်းတော်ပိုင် ဆိုရှယ်မီဒီယာ ရုပ်သံလှိုင်းများ၊ ရုပ်သံ ထုတ်လုပ်ရေး လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် တော်ဝင်မိသားစုနှင့် ပေါင်းသင်းဆက်ဆံခြင်းမှ ရှောင်ကြဉ်ရန် သဘောတူညီခဲ့ကြသည်။

မင်းသမီးက ၎င်း၏ ပုဂ္ဂိုလ် ထင်မြင်ချက်များ၊ ပြောကြားချက်များကို မိမိတစ်ဦးတည်းကသာ တာဝန်ခံလိုပြီး နန်းတော်မှ ပြန်လည်ဖြေရှင်းပေးစရာ မလိုရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။

Source: TheGuardian


LEAVE A REPLY

Please enter your comment!
Please enter your name here