လာအိုနယ်စပ်သို့သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများအား ဆိုင်ကယ်ပေါ်မှဖမ်းမိ

0
138

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၉ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ဝမ်တုံကျေးရွာအနီး၊ဝမ်တုံ-မယ်ဆိုင်ရေချောင်းသွားကားလမ်းတွင် ဝမ်တုံဘက်မှမယ်ဆိုင်ရေချောင်းဘက်သို့ စိုင်းဆုတ်(ခ)စိုင်းကျော် မောင်းကာ စိုင်းစိုင်း(ခ)အိုက်ကျိုင်း(ခ)စိုင်းဖွန်း လိုက်လာသည့် ဆိုင်ကယ်အားသတင်းအရရှာဖွေခဲ့ကြသည်။

ဆိုင်ကယ်ပေါ်ရှိ စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ် ၂၈၃၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၅၄ တုံး(အလေးချိန် ၁၈ ဒ ၉ ကီလို)အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့ နယ်မှ မြန်မာ-လာအိုနယ်စပ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here