ဒေါ်အောင်ဆန်းစုကြည်အား အကျဥ်းထောင်နေရာပြောင်းရွှေ့သည်ဟု ထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလသာဖြစ်

0
253

နိုင်ငံတော်အတိုင်ပင်ခုံဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား အကျဥ်းထောင်နေရာပြောင်းရွှေ့သည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ပြီး နေပြည်တော် အချုပ်ထောင်ရှိ သီးသန့်အဆောင်တွင်သာ ဆက်လက်ထိန်းသိမ်းထားကြောင်း နစကနှင့် နီးစပ်သူအချို့ ထံကသိရသည်။

ယခုရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အားအကျဥ်းထောင်နေရာပြောင်းရွှေ့သည်ဟုထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ်ကဆက်သွယ်​မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

​ဒေါ်အောင်ဆန်းစုကြည်သည်၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက် နံနက်တွင် ထိန်းသိမ်းခြင်းခံရပြီး​နောက်  အမှုများရင်ဆိုင်နေရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား မူလထိန်းသိမ်းထားသည့် နေရာမှ ဇွန် ၂၂ ရက်တွင် နေပြည်တော်အချုပ်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း နစက အနေဖြင့်ထုတ်ပြန်ထားပြီးဖြစ်သည်။

ဇူလိုင်လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ၎င်းပိုင် နေအိမ်သို့ ပို့ဆောင်ကာ နေအိမ်အကျယ်ချုပ်ဖြင့်ထားရန် စီစဉ်နေ​​ကြောင်း သတင်းများ ထွက်ပေါ်‌ခဲ့သော်လည်း အဆိုပါသတင်းမှာလည်း ကောလာဟလ သာဖြစ်သည်။

အဆိုပါကောလာဟလနှင့်ပတ်သတ်၍”ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး။ ကျွန်တော်တိုအနေနဲ့ နေရာပြောင်းရွှေ့ထားတဲ့အခါမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အထူးတလည်စောင့်ရှောက်မှုများ ကျွန်တော်တို့ ပြုလုပ်ထားပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကဖြေဆိုထားခဲ့ဖူးသည်။

နစက ဥက္ကဋ္ဌက ကုလသမဂ္ဂအတွင်းရေးမှူးချူပ်၏ မြန် မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့်တွေ့ဆုံစဥ်”မိမိတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုအထူးအခွင့်အရေးပေးပြီး နေအိမ်မှာလိုဘဲ ထားရှိပြီး ဆောင်ရွက်ပေးထားပါတယ်”ဟု ပြောကြားခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်အားအမှုပေါင်း (၁၉) မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး လက်ရှိတွင် ထောင်ဒဏ် (၂၃) နှစ်အထိ အမိန့်ချမှတ်ထားပြီး အမှု (၇) မှု ဆက်လက်ရင်ဆိုင်ရန် ကျန်ရှိနေခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ပုံမှန်ရုံးချိန်းများကို နေပြည် တော် အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးတွင် ရင်ဆိုင်လျက်ရှိကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here