“အရမ်းလည်း နှမြောပါတယ်။ အရမ်းလည်း စိတ်ထိခိုက်တယ် “

0
403

…………………………………………………………………………

စာရေးဆရာ အကြည်တော် ကွယ်လွန်ခြင်းအတွက် ဆရာ့ ၏ မိသားစုဝင်များ၊  မိတ်ဆွေစာပေ အသိုင်းအဝိုင်းမှ ဆ ရာဆရာမများ အပါအဝင် ဆရာ့၏ စာပေ ပရိသတ်များအာလုံး ဝမ်းနည်းစွာ နှမြောတသဖြစ်ကြရပါသည် ဖြစ်ပါသည်။ 

ဆရာအကြည်တော်သည် လူအများကို ရယ်မော ပျော်ရွှင်စေခဲ့သူ တစ်ဦး ဖြစ်သည့်အပြင် လောကကို အကောင်းမြင်စိတ်ကြီးစွာဖြင့် ကြည့်မြင်တတ်သူတစ်ဦးလည်း ဖြစ်ပါသည်။

ဆရာသည် စာအရေးကောင်းသူတစ်ဦးဖြစ်သလို စာပေဟောပြောပွဲများစွာတွင်လည်း ပရိသတ်၏ အားပေးနှစ် သက်မှုကို ရရှိအောင်လည်း ဟောပြောနိုင်သည့် ဆရာတစ်ယောက်ဖြစ်သည်။

ယခုလို ဆရာအကြည်တော် ကွယ်လွန်ခြင်းနှင့် ပတ်သ က်၍ ဆရာအကြည်တော်နှင့် စာပေဟောပြောပွဲပေါင်း မြောက်များစွာကို အတူ တွဲဖက်ဟောပြောခဲ့ဖူးသည့် ဝါရင့် နိုင်ငံကျော် စာရေးဆရာတစ်ဦးဖြစ်သည့် ဆရာချစ်ဦးညိုက ယခုလို ဝမ်းနည်းစကား ဆိုလာပါသည်။

” အရမ်းလည်း ဝမ်းနည်းပါတယ် ။ အရမ်းလည်းနှမြောမိပါတယ်။ ကျွန်တော့ ညီလေး တစ်ယောက်ပါပဲ။ ဟော ပြောပွဲတွေလည်း အများကြီး ထွက်ဖူးပါတယ်။ နှစ်ယော က်တည်းလည်း ထွက်ဖူးပါတယ်။ အများနဲ့လည်း ထွက်ဖူးပါတယ်။ အင်မတန်ရိုးသားတဲ့ စာရေးဆရာတစ်ယော က် ဆုံးသွားတာဟာ နှမြောပါတယ်။ အရမ်းလည်း စိတ်လည်း ထိခိုက်ပါတယ်။ သူအခုတော်တော် ရောဂါ ခံစားရတယ်။ (၂) လောက်ကြာမယ်နဲ့တူတယ်။ ကင်ဆာပေါ့ဗျာ ။ သူ့ကင် ဆာကလည်း တော်တော် ကုရခက်တယ်ပြောတယ်။ ထားပါတော့ဗျာ ။ ဒါနဲ့ သူဆုံးသွားတယ်ပေါ့။ ဒါပါပဲဗျာ ၊ ကျွန် တော် သိပ်ပြီး မပြောချင်တော့ဘူး။ ဆက်ပြီးမပြောချင်တော့ဘူးဗျာ နော် “


LEAVE A REPLY

Please enter your comment!
Please enter your name here