ကျောက်တူးရာမှကျောက်တုံးပြိုကျပြီး အမျိုးသားတစ်ဦးပိမိသေဆုံးမှု ဖြစ်ပွား

0
156

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ကန်ပေါက်ကျေးရွာအုပ်စု၊တောင်နောက်ကျေးရွာတွင် နိုဝင်ဘာ ၉ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့ည ၆ နာရီခန့်က ကျောက်ပန်းတောင်းမြို့နယ်၊တောင်နောက်ကျေးရွာရှိ ကျောက်တွင်းတွင် ကျောက်တူးရာမှကျောက်တုံးပြိုကျခဲ့သဖြင့် အမျိုးသားတစ်ဦးပိမိ၍ သေဆုံးသွားခဲ့သည်။

ဖြစ်စဥ်အား ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသဖြင့် ပိမိနေသူ၏ရုပ်အလောင်းအား ည ၇ နာရီကျော်ခန့်တွင် သယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

“အချိန် ၁ နာရီကျော်လောက်ကြာအောင်ထုတ်ရတယ် ကျောက်တုံးကိုကုတ်တွေနဲ့မတင်ရတယ် ပြုတ်ကျတဲ့ကျောက်တုံးကကြီးတော့အချိန်အနော်ယူခဲ့ရတယ်”ဟု ကူညီသယ်ထုတ်ခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရုပ်အလောင်းအား သုကတိရှင်နာရေးကူညီမှုအသင်းကားဖြင့် ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here