လာမည့်ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ရှိ အထက် တန်းကျောင်းတစ်ကျောင်းစီ၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်စက်မှုနည်းပညာပညာရပ်များကို တွဲ ဖက်သင်ကြားပေးသွားမည်

0
248

ပညာရေးဝန်ကြီးဌာန၏ Naypyitaw State Academy ဖွင့်ပွဲအား နိုဝင်ဘာ ၉ ရက်နံနက်ပိုင်းကကျင်းပရာ နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အမှာစ ကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းနှင့်ပြည်နယ်တစ်ခုစီ၌ အနည်းဆုံးတက္က သိုလ်တစ်ခုတွင် ပါရဂူဘွဲ့ချီးမြှင့်သည့် သင်တန်းတစ်ခုဖွင့်လှစ်ကာ ယင်း ပါရဂူဘွဲ့သင်တန်းဖွင့်လှစ်သည့် တက္ကသိုလ်တစ်ခုစီအား တက္ကသိုလ်အင်္ဂါရပ်များပြည့်စုံရန် နိုင်ငံတော်မှဖြည့်ဆည်းပေးသွားမည်ဟု ပြောသည်။

နိုင်ငံသားတိုင်းလူတန်းစေ့နေထိုင်ရှင်သန်နိုင်ရန် အနည်းဆုံး အတတ်ပညာတစ်ခုခုအား တတ်ထားရန်လိုအပ်၍ လာမည့်ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ တွင် အထက်တန်းကျောင်းတစ်ကျောင်းစီ၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်စက်မှုနည်းပညာပညာရပ်များကို တွဲဖက်သင်ကြားပေးသွားမည်ဟု ပြော သည်။

“အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် အထောက်အကူရရှိစေဖို့ကိုရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးမယ့် ကျောင်းတွေကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နေပြည်တော်၌ Naypyitaw State Academy ဖွင့်လှစ်ပြီးအဆင့်မြင့်ပညာရေးအတွက် အားဖြည့်ပေးသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ၊ ကျောင်းများတွင်လည်း ပညာအဆင့်မြင့်သည်ထက်မြင့်မားလာစေရန် ကြိုးပမ်းအားထုတ်၍ မြန်မာ့ပညာရေးကို မြှင့်တင်ပေးရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here