COP27 ညီလာခံတွင် အန်တိုနီယိုဂူတားရက်စ် မိန့်ခွန်းမှားဖတ်မိသဖြင့် သူ့ကိုယ်သူပြန်ရယ်ကာ ပရိသတ်ကိုတောင်းပန်ရ

0
137

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်သည် ဗုဒ္ဓဟူးနေ့က အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့သော COP27 ရာသီဥတုညီလာခံတွင် ယင်းနှင့်မဆိုင်သော မိန့်ခွန်းအစပိုင်းကို မှားဖတ်မိပြီး၊ မှားမှန်းသိသည်တွင် သူ့ကိုယ်သူ ပြန်လည်ရယ်မောခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် ကာဘွန်ထုတ်လွှတ်မှုခြေရာခံခြင်းနှင့်ပတ်သက်၍ အမေရိကန် ဒုသမ္မတဟောင်း အယ်လ်ဂိုးနှင့် အစည်းအဝေးသို့တက်ရောက်လာကြသော ကိုယ်စားလှယ်များ ဆွေးနွေးကြရမည့် အစည်းအဝေးအတွင် ဂူတားရက်စ်က အဖွင့်မိန့်ခွန်းပြောကြားရခြင်းဖြစ်သည်။

အဆိုပါ အဖွင့်မိန့်ခွန်းတွင် ဂူတားရက်စ်က “ကမ္ဘာကြီးဟာ ရာသီဥတုအကျပ်အတည်းကို ရင်ဆိုင်ရာမှာ ပြိုင်ဆိုင်မှုတွေ မရှိဘူးဖြစ်နေတယ်။ ဒါပေမယ့် ခင်ဗျားကိုတော့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ခင်ဗျားဟာ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ မဆုတ်မနစ်ဆောင်ရွက်နေတာကြောင့်ပါပဲ”ဟု အစပိုင်းတွင်ပြောကြားခဲဖြင့်နောက် ယခုအခမ်းအနားနှင့် မသက်ဆိုင်သော မိန့်ခွန်းကို သူဖတ်နေမှန်း သိသွားပြီး မိန့်ခွန်းဖတ်ခြင်းကို ရပ်နားလိုက်သည်။

ထို့နောက် “ကျွန်တော်ပြောတာတွေ မှားသွားတယ်လို့ထင်တယ်”ဟု ရယ်မောရင်းပြောသည်။

ဤတွင် တာဝန်ရှိသူများက မိန့်ခွန်းအမှန်ကို သူ့ထံသို့ ယူဆောင်လာကြသောကြာင့် အစည်းအဝေးခန်းမတွင်း စုဝေးရောက်ရှိနေကြသော ကိုယ်စားလှယ်များက လက်ခုတ်တီးကာ အားပေးကြသည်။

ယခုမိန့်ခွန်းပြောကြား၍ ပြီးလျှင် သူသည် လူငယ်အဖွဲ့များနှင့် တွေ့ဆုံရမည်ဖြစ်သဖြင့် ယင်းတွေ့ဆုံပွဲတွင် ပြောကြားရမည့် မိန့်ခွန်းကို မှားယွင်း၍ ဖတ်မိခြင်းဖြစ်ကြောင်း ဒေါက်တာ ဂူတားရက်စ်က ပရိသတ်အား ရှင်းပြခဲ့ကြောင်းသိရသည်။

“အားလုံး အာရုံနောက်စရာလေးတွေဖြစ်သွားကြရတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်”ဟုလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကပြောကြားခဲ့သည်။

Source: UN chief Guterres laughs off ‘wrong speech’ moment at COP27


LEAVE A REPLY

Please enter your comment!
Please enter your name here