အကြည်တော် ကွယ်လွန်ခြင်း နဲ့ပတ်သက်ပြီး ခန့်စည်သူ ရဲ့အမှတ်တရ ဝမ်းနည်းစကား 

0
394

လူအများကိုပျော်ရွှင်စေခဲ့ပြီး လက်ရာမြောက်တဲ့ ဝတ္ထုများစွာကိုရေးသားခဲ့တဲ့ စာရေးဆရာအကြည်တော် အခုလိုဆုံးပါးသွားတယ်ဆိုတဲ့သတင်းကြားလိုက်ရတဲ့အတွက် များစွာစိတ်မကောင်းဝမ်းနည်းမိတယ်။ 

အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီးခန့်စည်သူ က

” ကဝေပျို၏နိဒါန်း လုံးချင်း ဝတ္ထုကို ဝယ်ပြီးရိုက်ဖို့လုပ်ခဲ့တဲ့အချိန် ဆရာအကြည်တော်က ငွေရေးကြေးရေးစကားလုံးဝ မပြောခဲ့ဘူး အဲ့ဇာတ်လမ်းရိုက်ကူးပြီးချိန်မှာ ကျွန်တော့ကို စောကြည်ဖြူကာရိုက်တာနဲ့ လူသိများခဲ့တယ် ဆရာအကြည်တော်က တန်ဖိုးရှိတဲ့စာရေးဆရာတစ်ဦးပါ ဆရာအကြည်တော်က ဟာသကိုချစ်မြတ်နိုးပြီးသူ့ဘဝတစ်လျှောက်လုံးဟာသတွေပဲ ရေးသားခဲ့တယ်အခုလို အင်မတန်မှတန်ဖိုးရှိတဲ့သူကိုအခုလိုဆုံးရှုံးလိုက်ရတဲ့အတွက်များစွာစိတ်မကောင်းဖြစ်ရပါတယ်” လို့ပြောပါတယ်။ 

အကြည်တော် ရဲ့ နာရေးအခမ်းအနားကိုနိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၃ နာရီ မှ ၄ နာရီထိ ရေဝေးသုဿန် အခန်း ၁ ( က ) ပြုလုပ်သွားမှာဖြစ်ပြီး ဂူသွင်းသဂြိုလ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Photo Credit – သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here