ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ သိရှိထားသည်ထက် သုံးဆ ပိုများနေဟုရာသီဥတု ခြေရာခံ စောင့်ကြည့်ရေးကဆို

0
228

ရှန်းမ် အယ်လ်-ရှိုတ်ခ်၊ နိုဝင်ဘာ ၁၀

ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာမှ ထွက်ပေါ်လာသော ကမ္ဘာ့အပူ ထုတ်လွှတ်မှုသည် သိရှိထားသည်ထက် သုံးဆ ပိုများနိုင်ကြောင်း နိုဝင်ဘာလ ၉ ရက် ဗုဒ္ဓဟူးနေ့က စတင်ခဲ့သော ဂြိုလ်တု စောင့်ကြည့်ရေး ပရောဂျက်တစ်ခုက ပြောခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲ COP27 တွင် ထုတ်ပြခဲ့သော ရာသီဥတု ခြေရာခံ စောင့်ကြည့်ရေး ကိရိယာအသစ်သည် လေထုထဲသို့ ဓာတ်ငွေ့ ထုတ်လွှတ်နေသည့် တည်နေရာ ခုနှစ်သောင်းကျော်ကို အတိအကျ ပြသခဲ့သည်။

ထိုကိရိယာသည် ဉာဏ်ရည်တုကို အသုံးပြု၍ ဂြိုလ်တု သုံးရာကျော် အပြင် ကုန်းတွင်းနှင့် ပင်လယ်ထဲရှိ ထောင်များစွာသော အာရုံခံစက်မှ အချက်အလက်များကို စိစစ်ခဲ့ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအများဆုံး နေရာ ၁၄ ခုမှာ ရေနံနှင့် ဓာတ်ငွေ့ ထုတ်ယူသည့် နေရာများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ယင်းတို့အနက် ကမ္ဘာပေါ်တွင် ဓာတ်ငွေ့အများဆုံး ထုတ်လွှတ်သည့်နေရာမှာ ကမ္ဘာ့အကြီးဆုံး ရေနံတွင်းများထဲမှ တစ်ခုဖြစ်သည့် တက္ကဆပ်စ်ရှိ ပါမီရမ်းချိုင့်ဝှမ်းဒေသ ဖြစ်သည်ဟု ပရောဂျက်တည်ထောင်သူ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုးက ပြောခဲ့သည်။

“မီသိန်းနဲ့ ဖလဲရင်း (အလိုမရှိသော သဘာဓာတ်ငွေ့များကို မီးရှို့ခြင်း)ဆိုင်ရာ အချက်အလက်အသစ်များအရ အမှန်တကယ် ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ သူတို့ တင်ပြထားတာထက် သုံးဆပိုများနေတယ်လို့ ခန့်မှန်းပါတယ်” ဟု ဂိုးက ဆိုသည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here