သမ္မတအဖြစ် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ထားသော်လည်း ယင်းနှင့်ပတ်သက်၍ ၂၀၂၃ အစောပိုင်းမှသာလျှင် အပြီးသတ်ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ဘိုင်ဒင်ဆို

0
211

မိမိအနေဖြင့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထပ်မံအရွေးခံရန် ရည်ရွယ်ထားသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် အစောပိုင်းတွင်မှသာလျှင် အပြီးသတ်ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ နောက်တစ်ကြိမ် ပြန်လည်အရွေးခံဖို့ပါပဲ”ဟု သူက သတင်းထောက်များအားပြောသည်။ “ကျွန်တော်က ကံကြမ္မာကို အထူးလေးစားသူတစ်ယောက်ပါ”ဟု သူကဆိုသည်။

“ဒါက မိသားစုဆုံးဖြတ်ချက်လဲဖြစ်ပါတယ်”ဟုလည်း သမ္မတဘိုင်ဒင်ကပြောကြားသည်။

ယခုကျင်းပနေသော အမေရိကန်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဖြစ်နိုင်ချေရှိသော အကျဉ်းသားများ လဲလှယ်ရေးကိစ္စကို စေ့စပ်ညှိနှိုင်းရန်အတွက် ရုရှားနိုင်ငံကလည်းအသင့်ရှိနေမည်ဟု မျှော်လင့်ကြောင်းကိုပါ ဘိုင်ဒင်က သတင်းထောက်များအားပြောကြားခဲ့သည်။

Ref: Biden says he intends to run for re-election, will make final decision early in 2023


LEAVE A REPLY

Please enter your comment!
Please enter your name here