နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NMSP အဖွဲ့တို့ ၂ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ထိုး

0
199

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်း ဦး ဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာ ၁၀ ရက်နံနက်ပိုင်းက ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့်အ ဆင့်လိုက်အကောင်အထည်ဖော်မှုများ(ဇယား -၂)နှင့်ပတ်သက်၍ သဘောထားများ၊လိုလား ချက်များ၊ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် ၂ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NMSP တို့မှ နှစ်ဖက်သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့အတူ နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းတို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး မင်းနောင်တို့တက်ရောက်ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်အတူ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်တို့လည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here