ယခင် မန္တလေးတိုင်းအစိုးရအဖွဲ့၏ သယံဇာတဝန်ကြီးဟောင်းဦးမျိုးသစ် ပြန်လည်လွတ်မြောက်လာ

0
284

မန္တလေးဗဟိုအကျဥ်းထောင်၌ ထောင်ဒဏ်ကျခံနေရသည့် ယခင် မန္တလေးတိုင်းအစိုးရအဖွဲ့၏ သ ယံဇာတဝန်ကြီးဟောင်းဦးမျိုးသစ်သည် နိုဝင် ဘာ ၁၀ ရက်ကပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ဝန်ကြီးဟောင်းဦးမျိုးသစ်သည် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၁၃ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲရပြီးနောက် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းကလည်း ယခင် မန္တလေးတိုင်းအစိုးရအဖွဲ့၏ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဟောင်း ဒေါက်တာစိုးသန်းသည် လွတ်ရက်စေ့၍ပြန်လည်လွတ်မြောက်ခဲ့ပြီးဖြစ်သည်။

ဝန်ကြီးဟောင်းဒေါက်တာစိုးသန်းအား အောင်မြေသာစံမြို့နယ်တရားရုံးက ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၈ ရက်တွင် ထောင်ဒဏ် ၂ နှစ်ကျခံစေရန် အမိန့်ချ မှတ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here