ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုအား အရေးပေါ်ပြုပြင်နေရာ ၄၃၃ မဂ္ဂါဝပ်ခန့်ဓာတ်အားပို့လွှတ်မှုလျော့နည်း၍ ဝန်အားလျော့ချနေရဟု YESC အသိပေး

0
380

ရန်ကုန်တိုင်းအတွင်း၌ ယခုရက်ပိုင်းအတွင်း လျှပ် စစ်မီးပြတ်တောက်ချိန်များလာခြင်းနှင့်ပတ် သက်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းက အသိပေးမေတ္တာရပ်ခံခဲ့ခြင်းဖြစ် သည်။

ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ် အားပေးစက်ရုံများသို့ ပို့လွှတ်ထားသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပေါ်၍ အရေးပေါ်ထိန်းသိမ်းပြုပြင်နေရသည်ဟု YESC ကအသိပေးခဲ့သည်။

ထိမ်းသိမ်းပြုပြင်စဥ်အတွင်း အလုံသဘာဝဓာတ် ငွေ့သုံးဓာတ်အားပေးစက်အမှတ်(၁,၂)မှ (၄၅)MW ၊ Toyothai ဓာတ်အားပေးစက်မှ (၁၁၅)MW ၊ သာကေတဓာတ်အားပေးစက်မှ (၁၇)MW ၊ UPP (ရွာ မ)ဓာတ်အားပေးစက်မှ (၄၅)MW ၊ Max Power (သာကေတ)ဓာတ်အားပေးစက်မှ(၄၅)MW ၊ လှော်ကားဓာတ်အားပေးစက်မှ (၆၀)MW ၊ U Energy ဓာတ်အားပေးစက်မှ (၁၀၆)MW (စုစု ပေါင်း (၄၃၃)MW)ခန့်ကို ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှုလျော့နည်းနေ သည်ဟု YESC ကအသိပေးခဲ့သည်။

ထို့ကြောင့် လျော့နည်းသွားသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် ဓာတ်အားစနစ်တည်ငြိမ်စေရန် ရန်ကုန်တိုင်းအတွင်းရှိ အချို့နေ ရာများတွင် အရေးပေါ်ဝန်အားလျော့ချထိန်းညှိခြင်းများကို အချိန်ပိုင်းဆောင်ရွက်နေရသည်ဟု YESC ကအသိပေးခဲ့သည်။

“မီးပျက်တာကို အချိန်နဲ့ထုတ်ပြန်ထားတာမရှိပါဘူး အချိန်နဲ့ထုတ်ပြန်မယ်ဆိုရင် YESC Callcenter ရဲ့ Page မှာထုတ်ပြန်ပေးသွားမှာပါ လတ်တလောကတော့ အရေးပေါ်ပြုပြင်နေလို့ မီးပျက်နေတာပါ”ဟု YESC Call Center မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဝန်အားလျော့ချထိန်းညှိရသဖြင့် ရန်ကုန်တိုင်းအ တွင်းရှိ မြို့နယ်၊နေရာအချို့တို့၌ ယာယီလျှပ်စစ် ဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကာ အ ရေးကြီးနေရာများ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်ဟု YESC ကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here