ရန်ကုန်တွင် ယနေ့နံနက်ပိုင်း၌ မီး ၂ ကြိမ်လောင်ကျွမ်းခဲ့

0
329

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်နှင့်သန်လျင်မြို့နယ်တို့တွင် နိုဝင်ဘာ ၁၁ ရက်(ယနေ့) နံနက်ပိုင်းတွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၁၀ နာရီ ၁၃ မိနစ်ခန့်က တောင်ဥက္ကလာပမြို့နယ်၊(၁၄)ရပ်ကွက်၊မြင်သာဈေးမှတ်တိုင်အနီးတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအ ရ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်း၊လူမှုကူ ညီရေးအသင်းများနှင့်ပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“တောင်ဥက္ကလာပမီးလောင်မှုမှာ အသေးစားထိ ခိုက်ဒဏ်ရာရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေလောက်ပဲရှိပါတယ် လက်တွေပွန်းပဲ့တာ ပေါက်ပြဲတာလောက်ပေါ့ ဘယ်လိုလောင်တယ်ဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး”ဟု ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သန်လျင်မြို့နယ်၊အမှုထမ်းရပ်ကွက်၊စိုက်ပျိုးရေးလမ်းတွင်လည်း ယနေ့နံနက် ၉ နာရီ ၁၆ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့၍ သန်လျင်မြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်အနီးပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၂၇ တွင်မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ် ၂ ခုမှ မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here