စင်္ကာပူဝန်ကြီးချုပ်နှင့်အင်ဒိုသမ္မတတို့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့်မြန်မာ့အရေးဆွေးနွေးခဲ့

0
227

စင်္ကာပူ၊နိုဝင်ဘာ ၁၀

စင်္ကာပူဝန်ကြီးချုပ်နှင့်အင်ဒိုသမ္မတတို့သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံကထပ်မံဆောင်ရွက်မည့်ခြေလှမ်းများအတွက် နှစ်နိုင်ငံသီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

၎င်းတို့သည်စီးပွားရေးပြန်လည် နာလန်ထလာစေရန်နှင့် လူသားအရင်းအနှီးဖွံ့ဖြိုးရေးကဏ္ဍများတွင် နှစ်နိုင်ငံ၏တူညီသောအခန်းကဏ္ဍများကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြသည်။

ထိုမျှမက ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့အရေးတိုးတက်ရေးအတွက် အာဆီယံ၏ နောက်ထပ်ခြေလှမ်းများနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလားခရစ်ရှနန်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်ထ်နိုမာဆူဒီ တို့လည်း နှစ်နိုင်ငံတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည်။ဒေါက်တာဘာလားခရစ်ရှနန်န်သည် မစ္စတာမာဆူဒီနှင့် မြန်မာ့အရေးတိုးတက်စေရန်အပါအဝင် အခြားကိစ္စရပ်များစွာကို လေးလေးနက်နက်ဆွေးနွေးခဲ့ကြောင်း ဖေ့စ်ဘွတ်ပို့စ်တွင်ရေးသားခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးများနှင့်ဆက်စပ်ဆွေးနွေးပွဲများကိုပါ သောကြာနေ့မှတနင်္ဂနွေနေ့အထိကျင်းပမည်ဖြစ်ပြီး အာဆီယံ၏ ၅၅ နှစ်မြောက်အထိမ်းအမှတ်လည်းဖြစ်သည်။

မြန်မာနိုင်ငံ၏အခြေအနေနှင့်ပတ်သက်သည့် ဆွေးနွေးမှုများအပြင် အမေရိက၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် ကနေဒါတို့အပါအဝင် ပြင်ပမိတ်ဖက်များနှင့် ထိပ်သီးတွေ့ဆုံမှုများကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here