စာရေးဆရာ အကြည်တော်၏ စျာပနအခမ်းအနား ရေးဝေးသုဿန်တွင် ပြုလုပ်

0
633

နိုဝင်ဘာ (၉) ရက် ညပိုင်းက ကွယ်လွန်သွားသည့် စာရေး ဆရာ အကြည်တော်၏ ဈာပနအခမ်းအနားကို ယနေ့ နို ဝင်ဘာ (၁၁) ရက် မွန်းလွဲပိုင်းတွင် ရေဝေးသုဿာန်၌ ပြု လုပ်ခဲ့ပြီး မိသားစုဝင်များနှင့် စာပေမိတ်ဆွေများကလိုက် ပါပို့ဆောင်ခဲ့ကြသည်။

စာရေးဆရာ အကြည်တော်သည် အစာရေမြို ကင်ဆာရောဂါခံစားနေရရာမှ ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းက စတင်ကာ သတိလစ်မေ့မြောခဲ့သည့်အတွက် ပင်လုံဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် နိုဝင်ဘာ (၉) ရက် ည (၈) နာရီခွဲတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

မွေးချင်း (၇) ဦးအနက် (၆) ယောက်မြောက်သားဖြစ်သ ည့် ဆရာအကြည်တော်သည် ကွယ်လွန်ချိန်တွင် အသက် (၅၁) နှစ် ရှိပြီဖြစ်ပြီး အမည်ရင်းမှာ စောကြည်ဖြူဖြစ် သည်။

ဟာသဝတ္ထုမြောက်များစွာ ရေးသားထုတ်ဝေခဲ့ပြီး အောင် မြင်သည့် ရုပ်ရှင်ဇာတ်ကားများလည်း သူ၏ ဝတ္ထုများကိုပြန်လည်ရိုက်ကူးခြင်း ခံထားရသူဖြစ်သည်။

ဆရာအကြည်တော်သည် အနုပညာဖြင့် ပြည်သူကို ပျော်ရွှင်စေခဲသူဖြစ်သလို မွေးချင်အများစုသည်လည်း စာပေဂီတ အနုပညာရှင်အများစုဖြစ်ရာ စာရေးဆရာ ဥက္ကာမင်း ဆက်၊ ပန်းချီဒီဇိုင်း ကိုဆန်း၊ အကယ်ဒမီ ဓီရာမိုရ်၊စာရေး ဆရာမ သမီးချောတို့သည် ဆရာအကြည်တော်၏ မွေး ချင်း (၇) ဦးအနက် ထင်ရှားသည့် အနုပညာရှင်များသည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here