ထင်မှတ်ထားသည်ထက် များစွာပိုမိုသော ပင်လယ်ရေမြင့်တက်လာခြင်းများ ကြုံကြရမည်ဟု သုတေသီတို့ဆို

0
238

ဂြိုဟ်တုများမှ အချက်အလက်များ၊ GPS များမှ အချက်အလက်များနှင့် သင်္ချာညီမျှခြင်း နမူနာမော်ဒယ်များပေါင်းစပ်ထာသည့် လေ့လာမှုအသစ်တစ်ခုအရ ဂရင်းလန်ဒေသ အရှေ့မြောက်ပိုင်းမှ ရေခဲများ အရည်ပျော်မှုသည် ယခင်ရာစုကထက် ၆ ဆမျှ ပိုမိုများပြားမည်ကိုသိရှိရပြီး၊ ထိုအရည်ပျော်မှုကြောင့် ပင်လယ် သမုဒ္ဒရာများတွင် ရေမျက်နှာပြင်မြင့်တက်လာမှုသည် ယခင်က ထင်မှတ်ထားသည်ထက် ပိုမိုများပြားမည်ဖြစ်ကြောင်း သုတေသီတို့က အစီရင်ခံသည်။

ဂရင်းလန်ဒေသရှိ အရည်ပျော်ရေခဲမြစ်များမှ ရေတို့သည် ပင်လယ်သမုဒ္ဒရာများအတွင်းသို့ အရှိန်အဟုန်ဖြင့် ဆက်တိုက်စီးဆင်းနေပြီး ရေမျက်နှာပြင်မြင့်တက်မှုမှာလည်း သိသိသာသာတိုးတက်လာနေသည်။

နိုဝင်ဘာ ၉ ရက်နေ့ထုတ်၊ Nature ဂျာနယ်တွင် ဖော်ပြထားသော သုတေသနရလဒ်အသစ်များအရ လက်ရှိလေ့လာနေကြသော နမူနာမော်ဒယ်များသည် ၂၁ ရာစုအတွင်း ရေခဲဆုံးရှုံးမှုကို လျှော့တွက်ထားကြကြောင်း ဆိုထားသည်။

ယခု သုတေသနပြုမှု အသစ်ကို ဒိန်းမတ်၊ အမေရိကန်၊ ပြင်သစ်နှင့် ဂျာမနီတို့မှ သိပ္ပံပညာရှင်များ စုပေါင်း၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

Ref: Future Sea-Level Rise May Be Much Higher Than Thought – Ice Loss in Greenland “Vastly Underestimated”


LEAVE A REPLY

Please enter your comment!
Please enter your name here