နစက အစိုးရလက်ထက်တွင် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၁၄၉၅ သန်းအားပြန်လည်ပေးဆပ်ပြီးဖြစ်

0
263

နစက အစည်းအဝေး(၉/၂၀၂၂)အား နိုဝင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ပြုလုပ်စဥ် နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ အမှာစကားပြောကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“မိမိတို့အစိုးရလက်ထက်မှာ နိုင်ငံခြားချေးငွေပြန် လည်ပေးဆပ်မှုနဲ့ပတ်သက်ရင် နိုင်ငံတော်ဝင်ငွေကနေ အမေရိကန်ဒေါ်လာ ၁၄၉၅ သန်းကို ပြန် လည်ပေးဆပ်ပြီးဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပြည်ပချေးငွေနှင့်ထောက်ပံ့ငွေများရယူခဲ့ခြင်းမရှိဘဲ ကုန်သွယ်မှုရငွေ၊ပြည်ပရင်းနှီးမြှုပ်နှံမှုရငွေ၊အ ခွန်အခရငွေများဖြင့် ပေးဆပ်နိုင်ခဲ့ခြင်းဖြစ်ကာနိုင်ငံတော်ဂုဏ်သိက္ခာအတွက် ယခင်အစိုးရ၏ နိုင်ငံခြားချေးငွေများကို နှစ်စဉ်ပုံမှန်ပေးဆပ် လျက်ရှိသည်ဟု ပြောသည်။

မိမိတို့အစိုးရအနေဖြင့် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းထုတ်လုပ်မှုနှင့်ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟု ပြောသည်။

နိုင်ငံစီးပွားရေးမြှင့်တင်ရန် နိုင်ငံတိုင်းမှ ကြိုးပမ်းဆောင်ရွက်နေရပြီး မြန်မာနိုင်ငံတွင် စီးပွားရေးမြှင့်တင်နိုင်သည့် အလားအလာများစွာရှိသော် လည်း မျှော်လင့်သလောက်တင်ပို့နိုင်မှုမရှိသည်ကိုတွေ့မြင်နေရသည်ဟု ပြောသည်။

“ကုန်သွယ်မှုနဲ့ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေးနဲ့ပင်လယ်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေရှိပါတယ် ပင်လယ်ရေကြောင်းပို့ဆောင်ရေးဟာ မြန်မာနိုင်ငံ ကုန်သွယ်မှုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းခန့်ရှိသလို နယ်စပ်ကုန်သွယ်ရေးက ၂၅ ရာခိုင်နှုန်းခန့်ရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နယ်စပ်ကုန်သွယ်ရေးတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များအား အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေရာ နိုင်ငံစီးပွားမြှင့်တင်ရန်အတွက် ယခုထက်ပိုမိုကြိုး ပမ်းဆောင်ရွက်ကြရန်လိုသည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here