သရဲကြီးညဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးခံနေရသည့်တောင်ကိုရီးယားရဲအရာရှိအား နေအိမ်၌သေဆုံးလျက်တွေ့ရှိ

0
299

ဆိုးလ်၊နိုဝင်ဘာ ၁၁

လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့ရသည့် သရဲကြီးညဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းခံနေရသည့် တောင်ကိုရီးယားရဲအရာရှိအား နိုဝင်ဘာ ၁၁ ရက်နေ့က သေဆုံးလျက်တွေ့ရှိရသည်ဟု သက်ဆိုင်ရာကပြောကြားခဲ့သည်။

မျိုးရိုးအမည် ဂျောင်ဟုသာအသိများသော အသက် ၅၅ နှစ်အရွယ်ရှိ အဆိုပါရဲအရာရှိအား ဆိုးလ်မြို့ရှိ၎င်း၏နေအိမ်၌သေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်း နိုင်ငံတော်ရဲအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ယခုလအစောပိုင်း၌ထုတ်ပြန်ခဲ့သော အရေးပေါ်ဖုန်းခေါ်ဆိုမှုမှတ်တမ်းများအရ လူအုပ်ပြိုနိုင်သည့်အခြေအနေနှင့်ပတ်သက်၍ အန္တရာယ်ရှိလာနိုင်ကြောင်း ရဲတပ်ဖွဲ့ထံလှမ်းအကြောင်းကြားသည့် အကြောင်းကြားချက် ၁၁ ခုကိုလက်ခံရရှိခဲ့သော်လည်း အချိန်မီ အရေးယူ ဆောင်ရွက်မှုမပြုခဲ့ခြင်းကြောင့် ယခုကဲ့သို့ဖြစ်ရပ်ဆိုးဖြစ်ခဲ့ရခြင်းဖြစ်သည်။

ရဲချုပ်၊ဆိုးလ်မြို့တော်ဝန်နှင့်ပြည်ထဲရေးဝန်ကြီးတို့အပါအဝင် ထိပ်တန်းအရာရှိအချို့သည် ထိုဖြစ်ရပ်နှင့်ပတ်သက်၍ လူသိရှင်ကြားတောင်းပန်စကားဆိုခဲ့ပြီး လူသေဆုံးနိုင်သည့်ဘေးအန္တရာယ်ကိုတားဆီးရန်ပျက်ကွက်ခဲ့ကြောင်းလည်း ပြီးခဲ့သည့်အပတ်ကဝန်ခံခဲ့သည်။

ယခုဖြစ်စဉ်တွင်ပါသွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် ဖယောင်းတိုင်များထွန်းကာ ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး လူထောင်ချီတက်ရောက်ခဲ့သည်။ ယခုဖြစ်ရပ်အပေါ် အစိုးရ၏ကိုင်တွယ်ဖြေရှင်းပုံကိုလည်း မကျေမနပ်ဖြစ်နေကြကြောင်းသိရှိရသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here