တက်စလာသည် တရုတ်ထုတ် လျှပ်စစ်ကားများကို အမေရိကသို့ တင်ပို့ရန် စီစဉ်လာ 

0
191

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၁

တက်စလာ ကုမ္ပဏီသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကို အမေရိကသို့ တင်ပို့ရန် စဉ်းစားနေကြောင်း ထိုကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သူနှစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောခဲ့သည်။

တက်စလာသည် တရုတ်အခြေစိုက် ကုန်ကြမ်းပေးသွင်းသူများက ထုတ်လုပ်သည့် ကားအစိတ်အပိုင်းများကို မြောက်အမေရိကရှိ ဒေသဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီခြင်းရှိမရှိ လေ့လာနေပြီး၊ ကိုက်ညီခဲ့ပါက တရုတ်ထုတ် မော်ဒယ် ဝိုင်နှင့် မော်ဒယ် ၃ ကားများကို လာမည့်နှစ်တွင် အမြန်ဆုံး ရောင်းချရန်အတွက် တင်ပို့နိုင်မည်ဟု ၎င်းတို့က ဆိုသည်။ လျှို့ဝှက်ကိစ္စဖြစ်သောကြောင့် ၎င်းတို့၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

ထိုအစီအစဉ် အောင်မြင်ပါက ကနေဒါအထိ တင်ပို့ရန် လမ်းစပွင့်လာနိုင်ကြောင်း ၎င်းတို့ထဲမှ တစ်ဦးက ပြောသည်။

တရုတ်မှ အမေရိကသို့ တင်ပို့ရန် စီစဉ်နေရခြင်းမှာ ဒေါ်လာနှင့် ယွမ် လဲလှယ်မှု၌ ယွမ်ကအသာရနေခြင်း၊ တရုတ်တွင် ကုန်ကြမ်းစရိတ် ပိုသက်သာခြင်းနှင့် တက်စလာနှင့် အမေရိကရှိ ကားသစ် ဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း ထိုလူနှစ်ဦး ပြောခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံတွင် တက်စလာထုတ် ကားများ ဝယ်လိုအား နည်းလာသည်ဟု သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ အီလွန်မက်စ်က တွစ်တာပို့စ်တစ်ခုတွင် အသေးစိတ်မဖော်ပြဘဲ သတင်းမှား ဟုသာ ရေးသား တုံ့ပြန်ခဲ့သည်။ 

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here