ဂျာမနီ၏အိုလက်ဖ်ရှို့ဖ် စင်္ကာပူသို့ ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ပထမဆုံးသွားရောက်မည်

0
133

စင်္ကာပူ၊နိုဝင်ဘာ ၁၁

ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ်ရှို့ဖ်သည် နိုဝင်ဘာ ၁၄ ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့တရားဝင်သွားရောက်မည်ဖြစ်ကြောင်း သိရှိရပြီးယခုလိုလာရောက်ခြင်းသည် မစ္စတာအိုလက်ဖ်ရှို့ဖ်၏ ဂျာမန်ဝန်ကြီးချုပ်တစ်ယောက်အဖြစ် ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်သည်ဟုသိရှိရသည်။

မစ္စတာရှို့ဖ်၏ယခုခရီးစဉ်သည် စင်္ကာပူနှင့်ဂျာမနီတို့ကြား ကဏ္ဍအသီးသီးရှိအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ၊ဆက်သွယ်မှုများနှင့် နှစ်နိုင်ငံ၏ကောင်းမွန်သောဆက်ဆံရေးကို ထပ်မံအတည်ပြုသည့်သဘောမျိုးသက်ရောက်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

၎င်းသည် Istana တွင် ကျင်းပမည့် ကြိုဆိုဧည့်ခံပွဲသို့မတက်ရောက်မီ ၁၇ ကြိမ်မြောက် ဂျာမန်စီးပွားရေး လုပ်ငန်း အာရှ – ပစိဖိတ်ညီလာခံတွင်လည်း မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းသိရှိှရသည်။ယင်းနောက်သမ္မတဟာလေမာယေးကော့ဘ်နှင့် ဝန်ကြီးချုပ်လီရှန်လွန်းတို့နှင့်ပါ တွေ့ဆုံမည်ဖြစ်ကြောင်းသိရှိရသည်။

ယင်းနောက် ဝန်ကြီးချုပ်မစ္စတာလီရှန်လွန်းနှင့်ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး မစ္စတာရှို့ဖ်အမည်ဖြင့် ဂုဏ်ပြုသစ်ခွမျိုးစိတ်အသစ်ကိုလည်း လက်ခံရယူမည်ဖြစ်ကြောင်းသိရှိရသည်။

မစ္စတာရှို့ဖ်၏ စင်္ကာပူသို့နောက်ဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့မှုသည် ၂၀၁၆ ခုနှစ်က ဟမ်းဘု(ဂ်) မြို့၏ ပထမဆုံးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကဖြစ်သည်။မစ္စတာ ရှို့ဖ်သည် ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဂျာမနီ ဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။

Source :CNA


LEAVE A REPLY

Please enter your comment!
Please enter your name here