မန္တလေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများအနီးဖွင့်ထားသည့် ဆိုင်ခန်းများအားရှင်းလင်းဖယ်ရှား

0
301

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအနီး၌ ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများအား နိုဝင်ဘာ ၁၀ ရက်က ဖယ် ရှားရှင်းလင်းခဲ့သည်ဟု သိရသည်။

ဘုန်းတော်ကြီးကျောင်းများ၏ ခြံစည်းရိုးအုတ်တံတိုင်းများအနီး၌ အမိုးအကာများအခိုင်အမာတည်ဆောက်ထားသည့် ဆိုင်ခန်းများ၊ယာယီတဲများထိုး၍ ရောင်းချနေသည့်ဆိုင်ခန်းများ၊လက် တွန်းလှည်းများအားအထိုင်ချ၍ ရောင်းချနေသည့် ဆိုင်ခန်းများအားဖယ်ရှားရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။

မြို့နယ်သံဃနာယကဆရာတော်နှင့်သာသနာတော်ထိန်းသိမ်းရေးအဖွဲ့မှဆရာတော်များက မြို့ နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ လိုက်လံစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဖယ် ရှားရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။

“ဘုန်းတော်ကြီးကျောင်းဥပစာမြေပေါ်က ဆိုင်တွေကို ၂၀၁၉ ခုနှစ်ထဲက ရှင်းလင်းပြီးသားပါ နောက်ပိုင်း တစ်ဦးစ၊နှစ်ဦးစကနေ ကြာလာတော့ ဆိုင်တွေများလာတယ် အစပိုင်းမှာ အမိုးအကာမပါဘဲထွက်ကြတယ် နောက်တော့ ထီးမိုးကနေတဆင့် တချို့ဆိုင်တွေက အခိုင်အမာဆောက်လာကြတာတွေ့ရတယ် ခေတ်အခြေအနေနဲ့ စီးပွား ရေးအခြေအနေကိုငဲ့ညှာပြီး ဈေးရောင်းခွင့်ပြုထားပေမယ့် အဆောက်အဦးအခိုင်အမာတည် ဆောက်ခွင့်တော့မပြုနိုင်ပါဘူး”ဟု သာသနာတော်ထိန်းသိမ်းရေးအဖွဲ့မှ ဆရာတော်တစ်ပါးဖြစ်သည့် ဦးကဝိန္ဒမှမိန့်ကြားထားသည်။

ဆိုင်ခန်းများအား အခိုင်အမာတည်ဆောက်ခွင့်  ခွင့်ပြုခဲ့ပါက ဘုန်းတော်ကြီးကျောင်းတိုက်များ မသန့်ရှင်းမသာယာသကဲ့သို့ ညပိုင်းတွင်လည်း မသမာသူများ၏နားခိုရန်နေရာဖြစ်လာနိုင်၍ ဖယ်ရှားရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။

“အခြေချနေထိုင်သူတွေ အနေကြာသွားရင် ပြန်ပြီးရှင်းထုတ်ဖို့ခက်ခဲပါတယ် အရင်က ဒီလို မဆောင်ရွက်မဖြေရှင်းခဲ့ကြလို့ ဘုရားမြေ၊ဘုန်း ကြီးကျောင်းတိုက်မြေတွေ ဆုံးရှုံးခဲ့တာတွေများပါပြီ ဒါကြောင့် ဆရာတော်တွေက သာသနာအ တွက် ဒီလို ဆောင်ရွက်ကြတယ်ဆိုတာ အားလုံး သဘောပေါက်နားလည်စေချင်ပါတယ်”ဟု သာ သနာတော်ထိန်းသိမ်းရေးအဖွဲ့မှ ဆရာတော်တစ် ပါးဖြစ်သည့် ဦးကဝိန္ဒမှမိန့်ကြားထားသည်။

Photo-ဦးကဝိန္ဒ


LEAVE A REPLY

Please enter your comment!
Please enter your name here