ပထမဆုံးသော အိန္ဒိယ ပုဂ္ဂလိက ကုမ္ပဏီထုတ် ဒုံးပျံကို နိုဝင်ဘာ ၁၅ ရက်တွင် လွှတ်တင်သွားမည်

0
241

အိန္ဒိယနိုင်ငံမှ ပထမဆုံးသော ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက်သည့် ဗစ်ကရမ်-အက်စ် အမည်ရ ဒုံးပျံကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပတ်လမ်းဝက် မစ်ရှင်ဖြင့် အာကာသထဲသို့ လွှတ်တင်ရန် စီစဉ်ထားကြောင်း ဟိုက်ဒရာဘတ် အခြေစိုက် တက်သစ်စ အာကာသယာဉ်လုပ်ငန်း ဖြစ်သည့် စကိုင်းရွတ်ထ် ကုမ္ပဏီက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

‘ပရာရမ်’ ဟု အမည်ပေးထားသည့် စကိုင်းရွတ်ထ်၏ ပွဲဦးထွက် မစ်ရှင်တွင် အိန္ဒိယနိုင်ငံသား နှစ်ဦးနှင့် နိုင်ငံခြားသား ဖောက်သည်တစ်ဦးပါ လိုက်ပါစီးနှင်းမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုံးပျံအား ရှရီဟာရီကိုတာ ကျွန်းရှိ အိန္ဒိယ အာကာသ သုတေသန အဖွဲ့၏ ဒုံးပျံ လွှတ်တင်ရာ နေရာမှ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် လွှတ်တင်သွားမည် ဖြစ်သည်။

ချန်နိုင်း အခြေစိုက် တက်သစ်စ အာကာသယာဉ် လုပ်ငန်း ဖြစ်သည့် စပေ့ခစ်ဇ် သည်လည်း ထိုဒုံးယာဉ်ပေါ်တွင် အိန္ဒိယ၊ အမေရိကန်၊ စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကျောင်းသားများက ဖန်တီးထားသည့် ၂ ဒသမ ၅ ကီလိုဂရမ် အလေးချိန်ရှိသည့် ‘Fun-Sat’ ပစ္စည်းကိရိယာကို ထည့်သွင်းသွားမည် ဖြစ်သည်။

အဆိုပါ မစ်ရှင်နှင့်အတူ စကိုင်းရွတ်ထ်သည် အာကာသထဲသို့ ဒုံးပျံလွှတ်တင်သည့် အိန္ဒိယ၏ ပထမဆုံးသော ပုဂ္ဂလိကပိုင် ကုမ္ပဏီဖြစ်လာရန် ရည်မှန်းထားကြောင်း သိရသည်။

Source: EconomicTimes


LEAVE A REPLY

Please enter your comment!
Please enter your name here