ရှမ်းပြည်နယ်တွင် ကြက်စာတင်လာသည့် ၆ ဘီးကား အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းအတွင်းထိုးကျတိမ်းမှောက်၍ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

0
263

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ရှိ အေးသာယာစက်မှုဇုန်ရှေ့တွင် နိုဝင်ဘာ ၁၂(ယနေ့)နံနက်ပိုင်းက ကြက်စာများတင်လာသည့် ၆ ဘီးကားတိမ်းမှောက်၍ ၁ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီခန့်က တောင်ကြီးမြို့ အေးသာယာစက်မှုဇုန်ဘက်မှ မွေးမြူရေးဇုန်ဘက်သို့ ကြက်စာများတင်၍မောင်းလာသည့် ၆ ဘီးကားသည် အခင်းဖြစ်နေရာအရောက် လမ်းအကွေ့တွင်အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်တိုက်မိခဲ့သည်။

ထို့သို့ ဝင်တိုက်မိပြီးနောက် ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ရာ ကားမောင်းသူအပါ အဝင် အမျိုးသား ၃ ဦးအနက် တစ်ဦးမှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)နှင့်ကျန်အမျိုးသား ၁ ဦးမှာ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူ ၂ ဦးနှင့်သေဆုံးသူတို့အား အေးသာယာပရဟိတလူမှုကူညီရေးအသင်းကားဖြင့် တောင်ကြီးမြို့စဝ်စံထွန်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား ကားအားမဆင်မခြင်မောင်းနှင်ခဲ့သည့် ကားမောင်းသူအား ဥပဒေအရအရေးယူရန် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here