နိုင်ငံ၏ရေနံဝယ်လိုအားနည်းလာခြင်းကြောင့် တရုတ်ရေနံချက်လုပ်ငန်းများ ဆော်ဒီရေနံစိမ်းဝယ်ယူမှုကျဆင်းလာ

0
249

စင်္ကာပူ၊နိုဝင်ဘာ ၁၁

ကိုဗစ်စည်းမျဉ်းများနှင့် စီးပွားရေးကျဆင်းမှုများကြောင့် ကမ္ဘာ့အဓိကရေနံတင်သွင်းသူဖြစ်သည့် တရုတ်နိုင်ငံတွင် လောင်စာဝယ်လိုအားကျဆင်းလာသဖြင့် ဒီဇင်ဘာလတွင်ရေနံစိမ်းတင်သွင်းမှုပမာဏလျှော့ချရန် ဆော်ဒီနိုင်ငံမှ Aramco ကုမ္ပဏီအား တရုတ်ရေနံချက်လုပ်ငန်းရှင်အများအပြားက တောင်းဆိုခဲ့သည်ဟု အဆိုပါကိစ္စနှင့်နီးစပ်သူနှစ်ဦးကပြောကြားခဲ့သည်။

ရေနံချက်စက် ရုံများသည် ဒီဇင်ဘာလအတွက် ရေနံစိမ်းမှာယူမှုပမာဏအား ယခင်လမှာယူမှုထက် ထက်ဝက်ခန့်လျှော့ချခဲ့ရသည်ဟု အမည်မဖော်လိုသူသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ပေကျင်း၏တင်းကျပ်သောကိုဗစ်ကန့်သတ်ချက်များအပြီးတွင် နိုင်ငံပိုင်ရေနံချက်စက်ရုံများ၌ ပျမ်းမျှ ရေနံချက်နှုန်းသည် မေလမှဩဂုတ်လအတွင်း ၇၀ ရာခိုင်နှုန်းကျော်ဝန်းကျင်သို့ကျဆင်းသွားကြောင်း သိရှိရသည်။ပုံမှန်ကာလများတွင် ပျှမ်းမျှ ရေနံချက်နှုန်းသည် ၈၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဖော်ပြထားသည်။

တရုတ်သည် ဆော်ဒီမှ ဝယ်လိုအားလျှော့ချလိုက်သော်လည်း ယူကရိန်းအရေးနောက်ပိုင်းတွင် ရုရှားရေနံကိုတင်သွင်းမှုများပြားလာကာ ဆော်ဒီအပါအဝင် အခြားရေနံထောက်ပံ့ရေးရင်းမြစ်များအား လျှော့ချခဲ့ကြောင်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here