ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
546

အရေးပေါ်ကာလ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ‌လွတ်လပ်သည့် ပါတီစုံရွေးကောက်ပွဲကျင်းပကာ အနိုင်ရပါတီအား အာဏာလွှဲပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသ ည်။

နေပြည်တော်၌ နိုဝင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် နစက အစည်းအဝေး(၉/၂၀၂၂)တွင် နစက ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရဲ့နောက်ဆုံးအချက်မှာ အရေးပေါ်ကာလဆိုင် ရာပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်နိုင်ဖို့ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာပါဝင်ပြီးဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ယင်းကဲ့သို့ ပါရှိသည့်အတွက် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေး ကောက်ပွဲအား သတ်မှတ်ထားသည့် အချိန်ကာလအတွင်းဆောင်ရွက်နိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော် အာ ဏာကို ရယူထားသည်မှာ ဖွဲ့စည်းပုံပါ ပြဌာန်းချက်များအရ (၂) သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး  သက်တမ်းကုန်ဆုံးပါက ရွေးကောက်ပွဲကျင်းပကာ အနိုင်ရပါတီအား အာဏာလွှဲအပ်ရမည် ဖြစ်သည်။

ထို့ကြောင့် နစက အနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ တစ်ရပ် ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး နိုင်ငံအနှံလစ်လပ်မဲဆန္ဒနယ်မရှိ ကျင်းပနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

ယင်းကဲ့သို့ နစကက ဦးဆောင်ကျင်းပမည့် ၂၀၂၃ ခုနှစ် ရွေး ကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကော က်ပွဲတစ်ရပ်ဖြစ်လာမည်မဟုတ်ကြောင်းနှင့် အဆို ပါ ရွေး ကောက်ပွဲအား အသိအမှတ်ပြုမည်မဟုတ်ကြော င်း အတို က်အခံအင်အားစုများက ပြောဆိုမှုများ ရှိနေသည်။

သို့သော် နစက ဥက္ကဋ္ဌ အနေဖြင့် ၎င်းဦးဆောင်ကျင်းပမ ည့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ ဖြစ်စေရန် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေကြောင်း မကြာခဏ ပြောကြားထားသည်။

“ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ဖို့အတွက် တတ်နိုင်သမျှကြိုးပမ်းဆောင်ရွက်နေပါတယ် ဒါ့ကြောင့် ရွေးကောက်ပွဲဝင်ရောက်ဖို့အတွက် ပါတီတွေ စန စ်တကျဖွဲ့နိုင်ဖို့လိုပါတယ် ရွေးကောက်ပွဲကို PR စနစ်နဲ့ကျင်းပနိုင်ဖို့ ရည်မှန်းဆောင်ရွက်နေပါတယ်”ဟု နစက ဥက္က ဋ္ဌ က ပြောသည်။

ယင်းကဲ့သို့ လွတ်လပ်တရားမျှတသည့် ကျင်းပနိုင်မှသာ ပြည်သူများ လက်ခံသည့် ရွေးကောက်ပွဲဖြစ်ကာ နောက်တက်လာမည့်အစိုးရအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်နိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် နစကအနေဖြင့်  မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်နေပြီး လာမည့် ရွေး ကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here