ရန်ကုန်မြို့တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှု၊လူသတ်မှုကျူးလွန်ခဲ့သူ ၁၁ ဦးအား ဖုန်းမျိုးစုံအလုံး ၁၀၀ ကျော်၊ငွေကျပ်သိန်း ၅၀ ကျော်တို့နှင့်အတူဖမ်းဆီးရမိခဲ့

0
476

ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ်၊အမှတ်(၃)ရပ် ကွက်၊လှည်းတန်းလမ်းဆုံအနီးနှင့်စမ်းချောင်းမြို့ နယ်၊မြေနီကုန်းတစ်ဝိုက်တို့တွင် အုပ်စုဖွဲ့ခါးပိုက် နှိုက်၍ လူသတ်မှုကျူးလွန်ခဲ့သူ ၁၁ ဦးအား လုံခြုံ ရေးအဖွဲ့ဝင်များက နိုဝင်ဘာ ၁၀ ရက်နံနက်ပိုင်းမှစတင်ကာ ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များက ခါးပိုက်နှိုက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာ ယင်းနေ့နံနက် ၈ နာရီတွင် ကမာရွတ်မြို့နယ် ၊အမှတ်(၃)ရပ်ကွက်၊လှည်းတန်းလမ်းဆုံ၊လှည်းတန်းလမ်းမပေါ်တွင် တောင်ဥက္ကလာပမြို့နယ်နေ သူရထွန်း(ခ)ဘောကြီး(၂၁)နှစ်နှင့်လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နေ ဇော်မျိုးဦး(ခ)ဝက်ကြီး(ခ) ပါကျဲ (၂၇)နှစ်တို့အား ခါးပိုက်နှိုက်ထားသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ကျော်ကျော်(ခ)အသေးလေး (၂၆)နှစ်နှင့်ခါးပိုက်နှိုက်ရာမှရရှိသည့် ဖုန်းများအားလက်ခံဝယ်ယူသူ ကျော်မျိုးလှိုင်(ခ)ကျော်ကြီး(၂၆)နှစ်၊ကျော်မျိုးနိုင်(ခ)ကိုမျိုး(ခ)အပုလေး (၂၇)နှစ်၊လင်းလင်းထွန်း(ခ)ဝိုင်းဝိုင်း(၂၂)နှစ်၊စိန်သန်းအေး(ခ)စိန်ကြီး(၃၀)နှစ်၊ဇော်မင်းထွေး(ခ) အောင်လေး(ခ)ကုလားကြီး(၂၈)နှစ်၊ထွန်းမင်းလတ်(ခ)တုတ်တုတ်(၂၄)နှစ်နှင့်ဖုန်းများအားလက်ခံဝယ်ယူသူ မျိုးကျော်သူ (၃၁)နှစ်တို့အားထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ခါးပိုက်နှိုက်မည့်နေရာများသို့ ကားဖြင့်လိုက်လံပို့ဆောင်ပေးသူ သက်နိုင်ထွန်း(၄၁)နှစ်ကိုလည်း လုံခြုံရေးအဖွဲ့ဝင်များက ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူ ၁၁ ဦးအား ဖုန်းမျိုးစုံ ၁၂၀ လုံး၊ ခါးပိုက်နှိုက်ရာမှရရှိခဲ့သည့် ငွေစက္ကူရောရာ ၅၆၈၀၀၀ဝ ကျပ်၊ Toyota Filder အဖြူရောင်ကားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ရာတွင် အဖွဲ့ ၃ ဖွဲ့ခွဲ၍ကျူးလွန်ခဲ့ကြခြင်းဖြစ်ကာ ဖမ်းဆီးရမိသူ များအနက် စိန်သန်းအေး(ခ)စိန်ကြီး၊ဇော်မင်းထွေး(ခ)အောင်လေး(ခ)ကုလားကြီး၊ဇော်မျိုးဦး (ခ)ဝက်ကြီး(ခ)ပါကျဲနှင့်ကျော်မျိုးနိုင်(ခ)အပုလေးတို့သည် မေ ၁၁ ရက်မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ်၊အမှတ်(၁)ရပ် ကွက်၊ဇေယျာသီရိလမ်း၌ မောင်ကတုံး(စိစစ်ဆဲ)အား ဝိုင်းဝန်းထိုး ကြိတ်၍ ချွန်ထက်သောအရာဖြင့်ထိုးသတ်ခဲ့၍ က မာရွတ်မြို့မရဲစခန်း၏(ပ)၁၃၆/၂၀၂၂၊ရာဇ သတ်ကြီးပုဒ်မ ၃၀၂/ ၃၄ အမှုမှတရားခံပြေး ၁၃ ဦးအနက်မှ ၄ ဦးဖြစ် ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here