အာဆီယံနှင့် အရှေ့အာရှထိပ်သီးညီလာခံများတက်ရောက်သည့်  VIP များအား လက်ပတ်နာရီ တစ်လုံးစီလက်ဆောင်ပေးမည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဆို

0
162

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပနေပြီဖြစ်သည့် အာဆီယံနှင့် အရှေ့အာရှ ထိပ်သီးညီလာခံအစည်းအဝေးများသို့တက်ရောက်ကြသော အထူးဧည့်သည်တော်(VIP)များအား ကမ္ဘောဒီးယားနိုင်ငံလုပ် လက်ပတ်နာရီ တစ်လုံးကျစီ လက်ဆောင်အဖြစ် ပေးအပ်မည်ဟု အိမ်ရှင်ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်ကပြောကြားကြောင်းသိရသည်။

ထို့အတွက် Tourbillon အမျိုးအစား လက်ပတ်နာရီ ၂၅ လုံးကို အသင့်ပြုလုပ်ထားပြီး၊ ယင်းနာရီများတွင်လည်း “Asean Cambodia 2022” ဟု စာတန်းထွင်းထားသည်။ ငွေရောင် နာရီအိမ်တွင် “Made in Cambodia”ဟူသည့် စာတန်းလည်းပါရှိကြောင်း မစ္စတာဟွန်ဆန်၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာတွင်ဆိုထားသည်။

ယင်းအစည်းအဝေးများသို့ တက်ရောက်ကြမည့် အထူးဧည့်သည်တော်များတွင် အမေရိကန်သမ္မတ မစ္စတာ ဂျိုးဘိုင်ဒင်နှင့် တရုတ်ဝန်ကြီးချုပ် မစ္စတာ လီခါ့ချန်တို့လည်း အပါအဝင်ဖြစ်ကြောင်းသိရသည်။

Source: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here