ရေရှည်တည်တံ့ခိုင်မြဲသည့် ပင်စင်စနစ်ဖြစ်ပေါ် လာစေရန်ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟိုရန် ပုံငွေစနစ်အကောင်အထည်ဖော်ရန်ဆောင်ရွက်သွားမည်

0
165

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံ ငွေအကောင်အထည်ဖော်ရေး ကော်မတီ၏ (၄/၂၀၂၂)အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်သွားရမည့်ကိစ္စဖြစ်၍ ကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ပင်စင်စနစ် ဖြစ်ပေါ်လာစေရန် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးအား ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့ကြောင့် ယခုအချိန်ထိဆောင်ရွက်ထားရှိမှုများအပေါ်အခြေခံ၍ ဆက်လက်ဆောင်ရွက်ရန်များ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည်များ၊ရန်ပုံငွေစနစ်ကျင့်သုံးမည့်ပုံစံနှင့်လိုက်လျောညီ ထွေဖြစ်မည့် ဥပဒေကြမ်းဖြစ်ရေးတို့အား ဆွေး နွေးဆောင်ရွက်သွားမည်ဟု ပြောသည်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည် ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ပင်စင်ဦးစီးဌာ န ညွှန်ကြားရေးမှူးချုပ်ဦးရဲညွန့်က ဝန်ထမ်းနောင် ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေး၊ဥပ ဒေကြမ်းရေးဆွဲပြီးစီးမှုနှင့်ကျင့်သုံးသင့်သည့်ပုံစံ များကို ရှင်းလင်းတင်ပြခဲ့သည်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ရေးကော်မတီအား နစက မှ ၂၀၂၁ ခုနှစ်၊မတ် ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၇၁/၂၀၂၁ ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ န ဒု-ဝန်ကြီးဦးမောင်မောင်ဝင်းအား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်၍ ပြင်ဆင်ဖွဲ့စည်းပေးခဲ့သည်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ရေးကော်မတီသည် နိုင်ငံ့ဝန်ထမ်းများ၏ ပင် စင်ခံစားခွင့်များအား ရေရှည်တည်တံ့ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံငွေစနစ်တစ်ရပ်ထူထောင်ရန်ဆောင်ရွက်လျက်ရှိပြီး ဥပ ဒေကြမ်းကို ပိုမိုပြည့်စုံစေရန်စိစစ်၍ ဝန်ထမ်းများသို့ပေးအပ်မည့် ပင်စင်အကျိုးခံစားခွင့်များကို အသေးစိတ်သုံးသပ်ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here