မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတစ် လျှောက်တွင် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်

0
584

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတစ်လျှောက်တွင် အန္တရာယ်ကင်းပ ရိတ်တရားတော်များအား ဆရာတော်၊သံဃာ တော်များမှ နိုဝင်ဘာ ၁၃ ရက်(ယနေ့)နံနက်ပိုင်းက ရွတ်ဖတ်ခဲ့ကြကြောင်း သိရသည်။

“မြဝတီမြို့က ဆရာတော်၊သံဃာတော် ၂၅ ပါးက တော်ပေါ်လမ်းတစ်လျှောက်ကို အန္တရာယ်ကင်းပရိတ်တရားတော်တွေ အသွားအပြန်ရွတ်ဖတ်ခဲ့ကြပါတယ်”ဟု မြဝတီမြို့အခြေစိုက် အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌကပြော သည်။

အာရှလမ်းမကြီးတစ်လျှောက် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းအား အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊အ ညာသား(မြဝတီ)၊ကိုကျော်ကျော်(မြေအောဇာ)နှင့်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ တို့မှဦးဆောင်၍ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ် သည်။

“တောင်ပေါ်လမ်းမှာ ယာဥ်မတော်တဆမှုတွေ ခနခနဖြစ်နေတာရယ် လူသေဆုံးတာတွေဖြစ်နေတာရယ်ကြောင့် အခုလိုအန္တရာယ်ကင်းပရိတ်ရွတ်တဲ့အစီအစဥ်ကိုလုပ်ခဲ့တာပါ”ဟု အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌကပြောသည်။

အာရှလမ်းမကြီးတစ်လျှောက်၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းအပြင် ယာဥ်မတော်တဆမှုများကြောင့် သေဆုံးမှုများရှိခဲ့သည့် တောနော် ရေတံခွန်တွင် ဆရာတော်၊သံဃာတော်များအား သက်ပျောက်ဆွမ်းကပ်ခဲ့ကြသည်။

ထို့ပြင် အာရှလမ်းမကြီးတစ်လျှောက် ယာဥ်မ တော်တဆမှုဖြစ်ပွား၍ သေဆုံးသူများအား ရည် စူးကာ  ကွမ်းသီးတောကွေ့၌ ဆရာတော်များကို နေ့ဆွမ်းဆက်ကပ်ပြီး လှူဖွယ်ဝထ္ထုပစ္စည်းများလှူဒါန်းကာ အမျှပေးဝေခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here