မကွေးတိုင်းရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ အတက်အဆင်းလမ်းအား လမ်းအဆင့်မြှင့်တင်သွားမည်

0
547

မကွေးတိုင်း၊မင်းဘူး(စကု)မြို့နယ်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ အတက်အဆင်းလမ်းအား ရွှေစက်တော်ဘုရားပွဲအမှီ နိုင် လွန်ကတ္တရာထပ်ပိုးလွှာခင်း၍ အဆင့်မြှင့်တင်သွားမည်ဟု ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ထို့ပြင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ ပ ရိဝုဏ်အတွင်းရှိ သာစည်၊မဟာစည်၊သာသနာ့ရွှေဂူကျောင်း၊သစ္စာမေတ္တာကျောင်း၊ရေစက်ကျောင်း ၊ကျောင်းသစ်ကျောင်းတို့ရှိ ဆရာတော်၊သံဃာ တော်များ၊သီလရှင်ဆရာကြီး၊ဆရာလေးများနှင့်ဘုရားဖူးလာသူများ သောက်သုံးရေးနှင့်ချိုးရေများအခက်အခဲမရှိစေရန် ဂါလံ သုံးသောင်းခွဲဆံ့ (RC)အုတ်ရေကန်ကြီးအား ဆောက်လုပ်ပေးထားကြောင်း သိရသည်။

ပေ ၄၂၀ ရှိ အဝီစိတွင်းတစ်တွင်းကိုလည်း တူးပေးထားကာ မီးအခက်အခဲမရှိစေရန်လည်း ၂၄ နာရီ လျှပ်စစ်မီးသွယ်တန်းထားရှိကြောင်း သိရသည်။

ထို့ပြင် ဘုရားဖူးများ ဘုရားဝတ်ပြုပြီးနောက် အမျှအတန်းပေးဝေနိုင်ရန် စည်တော်ကြီးနှင့် မောင်းကြီးတို့အား ဆောက်လုပ်ပေးထားပြီး မြတ်စွာဘုရားရှင်နှင့်ရဟန္တာ ၅၆ ပါး၏ ရုပ်ထု တော်များကိုလည်း မြောက်ဘက်ကုန်းတော်ပေါ်တွင် ထုလုပ်ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here