ကမ္ဘောဒီးယားကို ကိုလံဘီယာဟု သမ္မတဘိုင်ဒင် မှားယွင်းပြောဆို

0
328

စနေနေ့က ကျင်းပခဲ့သည့် အာဆီယံဒေသတွင်း ခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တွေ့ဆုံပွဲအဖွင့်တွင် “အာဆီယံအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ကိုလံဘီယာနိုင်ငံရဲ့ ခေါင်းဆောင်မှုအတွက် ကိုလံဘီယာ ဝန်ကြီးချုပ်ကို ကျေးဇူးတင်ရှိပါတယ်”ဟု သမ္မတဘိုင်ဒင်က မှားယွင်းပြောကြားခဲ့သည်။

သတင်းထောက်များနှင့်တွေ့ဆုံရာတွင်မူ “ကျွန်တော်က ကမ္ဘောဒီးယားကို ဆိုလိုတာပါ”ဟု သူက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ယခုလတွင် အသက် ၈၀ ပြည့်ပြီဖြစ်သော သမ္မတဘိုင်ဒင်သည် ဝါရှင်တန်တွင် သမ္မတ တာဝန်များဆောင်ရွက်စဉ်တွင်လည်း ထိုသို့ မှားယွင်းပြောဆိုမှုများ မကြာခဏဖြစ်ခဲ့သဖြင့် နာမည်ကျော်ခဲ့သည်။

Source: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here