အိုဘားမားစာကြည့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကွင်းလျောကြိုးကွင်းတစ်ခု လာရောက်ချိတ်ဆွဲထားသဖြင့် လုပ်ငန်းများရပ်နား

0
301

ချီကာဂိုမြို့မှာ ဆောက်လုပ်နေတဲ့ အိုဘားမားစင်တာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အိုဘားမားစာကြည့်တိုက်လုပ်ငန်းခွင်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကွင်းလျောကြိုးကွင်းတစ်ခု တန်းလန်းချိတ်ဆွဲထားတာကို တွေ့ရတာကြောင့် ဆောက်လုပ်ရေးကုမ္ပဏီက လုပ်ငန်းတွေကို ရပ်နားလိုက်ပြီး ရဲကို အကြောင်းကြားခဲ့ပါတယ်။

အဲဒီ ကွင်းလျောကြိုးကွင်း လာချိတ်တဲ့သူကို ရှာဖွေတွေ့ရှိရင် ကန်ဒေါ်လာ ၁သိန်း ဆုချီးမြှင့်မယ်လို့လဲ ကြေညာလိုက်ပါတယ်။

အမေရိကန် လူမည်းတွေပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်တဲ့ Lakeside Alliance ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေတာဖြစ်ပြီး၊ ကွင်းလျောကြိုးကွင်းလာချိတ်တဲ့သူကို ဖော်ထုတ်ပေးဖို့အတွက် ရဲတပ်ဖွဲ့ကို လိုအပ်တဲ့အကူအညီ အကုန်ပေးမယ်လို့လဲ ပြောခဲ့ပါတယ်။

အဲဒီနေရာဟာ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့ ဖောင်ဒေးရှင် အခြေစိုက်မယ့်နေရာလဲဖြစ်သလို ၂၀၂၁ ခုနှစ် စက်တင်ဘာလက အိုဘားနဲ့ ဇနီး မီရှဲလ်အိုဘားမားတို့ကိုယ်တိုင် အဆောက်အအုံစတင်ဆောက်လုပ်တဲ့ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း ကန်ဒေါ်လာ သန်း ၅၀၀ ကျော် အကုန်အကျခံပြီးတည်ဆောက်နေတာလဲဖြစ်ပါတယ်။

သူတို့ရဲ့ လုပ်ငန်းခွင်တွေမှာ ဘက်လိုက်မှုတွေ၊ ခွဲခြားမှုတွေ၊ မုန်းတီးမှုသဘောဆောင်တဲ့ ပုံစံတွေဖြစ်လာရင် လုံးဝသည်းခံမှာမဟုတ်ကြောင်းကိုလည်း Lakeside Alliance ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here