မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှတဆင့် တစ်နေ့လျင် ဆန်နှင့်ဇကွဲ ကားစီးရေ ၂၀ ခန့်တင်ပို့လျက်ရှိ

0
340

မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်နှင့်ဇကွဲများအား မြန်မာ-တရုတ်နယ်စပ် မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှတဆင့် နေ့စဥ်ကားစီးရေ ၂၀ ခန့်ဖြင့် နှစ်နိုင်ငံသဘောတူညီမှုရရှိထားသည့် ကုမ္ပဏီ ၄၃ ခု က တင်ပို့လျက်ရှိကြောင်း သိရသည်။

“တစ်နေ့ကို တွဲကားအစီး ၂၀ လောက် နေ့စဥ်သွားပါတယ် ဇကွဲက ၁၅ စီးလောက်သွားတယ် ဆန်က ၅ စီးလောက်သွားတယ်”ဟု မူဆယ်ဆန်စပါးကုန် စည်ဒိုင် ဒု-ဥက္ကဋ္ဌဦးမြင့်သိန်းပြောသည်။

ထိုသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံ၌ အောက်တိုဘာ ၁ ရက်မှ ၅ ရက်နေ့အထိသည် တရုတ်နိုင်ငံအမျိုး သားနေ့ဖြစ်၍ ရုံးပိတ်ရက်ဖြစ်သောကြောင့် ဘဏ်များနှင့်အကောက်ခွန်ဂိတ်များ ပိတ်ထားသဖြင့် ကုန်သွယ်မှုပြုလုပ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ပို့ရာ၌ နှစ်နိုင်ငံသဘောတူညီမှုရရှိထားသည့် ကုမ္ပဏီ ၄၃ ခုမှ ရန်ကုန်တိုင်း၊ဧရာဝတီ တိုင်း၊ပဲခူးတိုင်း(အရှေ့ခြမ်း)၊ပဲခူးတိုင်း(အနောက်ခြမ်း)တို့မှထွက်ရှိသည့် ဆန်နှင့်ဇကွဲများအား အ များဆုံးတင်ပို့လျက်ရှိသည်။

“အောက်တိုဘာလလယ်လောက်ကစပြီး မြန်မာ နိုင်ငံ အောက်ပိုင်းမှာ ဆန်သစ်တွေ စပါးသစ်တွေပေါ်ပြီဖြစ်တဲ့အတွက် အများဆုံးတင်ပို့နိုင်ပါတယ် နိုဝင်ဘာလဆန်းကတော့ ထူးထူးခြားခြားမရှိသေးဘူး ပုံမှန်အတိုင်း တွဲကားစီးရေ ၂၀ လောက်တင်ပို့နေရပါတယ်”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒု-ဥက္ကဋ္ဌဦးမြင့်သိန်းပြောသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်၊ ဇကွဲ၊ စပါး၊ ရာ ဘာ၊ ပဲမျိုးစုံနှင့်ပြောင်းတို့ကို နေ့စဥ် တွဲကားစီးရေ ၆၀ ခန့်ဖြင့်တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံဘက်မှလည်း လျှပ်စစ်ပစ္စည်း၊ မြေသြဇာ၊ စက်မှုပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်းနှင့် ဆေး ဝါးပစ္စည်းများတင်ဆောင်လာသည့် တွဲကားစီးရေ ၃၀ စီး၊ ၄၀ စီးခန့် နေ့စဥ် တင်သွင်းလျက်ရှိသည်။

“အဝင်/အထွက် ၂ ခုပေါင်းမယ်ဆိုရင် တွဲကားစီးရေ ၁၀၀ ဝန်းကျင်လောက် နေ့စဥ်အဝင်/အထွက်ရှိပါတယ်”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒု-ဥက္ကဋ္ဌဦးမြင့်သိန်းပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here