ထရမ့်၏သမီးငယ် ကဘီလျံနာနှင့်လက်ထပ် 

0
442

အမေရိကန်သမ္မတဟောင်း ထရမ့် ၏သမီးအငယ်ဆုံးသည် လက်ဘနွန်ဘီလျံနာ မိုက်ကယ်ဘူလူစ် နှင့်လက်ထပ်လိုက်ကြောင်း Page Six တွင်ဖော်ပြထားသည်။

အသက် ၂၉ နှစ်ရှိ တစ်ဖ်နီ နှင့် မိုက်ကယ် ၂၅နှစ်တို့၏ မင်္ဂလာပွဲကို ထရမ့် ၏ Palm Beach အိမ်​တော်တွင် စ​နေ​နေ့ကကျင်းပခဲ့သည်။ 

၄င်းတို့စုံတွဲသည် ဂရိကျွန်း Mykonos ၌ ၂၀၁၈ ခုနှစ်တွင် တွေ့ဆုံခဲ့ကြသည်။  ၂၀၂၁ခုနှစ်တွင် အိမ်ဖြူတော်ရှိ နှင်းဆီဥယျာဥ် ၌ မိုက်ကယ်ကတစ်ဖနီအားဒေါ်လာ ၁.၂ သန်းတန် ၁၃ ကာရက်ရှိ စိန်လက်စွပ်ဖြင့်လက်ထပ်ခွင့်​တောင်းခဲ့သည်။

ထရမ့်သည် ကြားဖြတ်ရွေးကောက်ပွဲရလာဒ်များအပြီးတွင် စိတ်ဆိုးနေသော်လည်း  သမီးမင်္ဂလာဆောင်တွင်​တော့ သတို့သမီးဖခင် အဖြစ် ​ပျော်ရွှင်စွာ​တွေ့ရသည်။

Ref:dearborn.org


LEAVE A REPLY

Please enter your comment!
Please enter your name here