ထိုင်းတွင် ကားမှောက်မှုဖြစ်စဥ်၌ သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ၃ ဦးအနက် ၂ ဦးအတွက်အာမခံအကျိုးခံစားခွင့် ဘတ် ၂ သန်းကျော်ရရှိ

0
227

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်တွင် ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁၁ ရက်က ကားတိမ်းမှောက်မှုဖြစ်စဥ်၌သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ၃ ဦးအနက် ၂ ဦးအတွက် အာမခံအကျိုးခံစားခွင့် ဘတ် ၂ သန်းကျော်ရရှိခဲ့သည်ဟု AAC မဟာမိတ်အဖွဲ့မှ သိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားတင်ဆောင်လာသည့် ပစ်ကပ်ကားတိမ်းမှောက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်။

ထို့ကြောင့် သေဆုံးသူ ၃ ဦး၏မိသားစုဝင်များအတွက် အာမခံအကျိုးခံစားခွင့်များရရှိရန် AAC မဟာမိတ်အဖွဲ့မှလိုက်ပါဆောင်ရွက်ပေးခဲ့ကြသဖြင့် နိုဝင်ဘာ ၃ ရက်တွင် သေဆုံးသူ ၂ ဦးအတွက် အာမခံအကျိုးခံစားခွင့် တစ်ဦးလျင် ထိုင်းဘတ် ငွေ ၁ဝ၅၀၀၀၀ စီဖြင့် ဘတ် ၂၁၀၀၀၀၀ အား ကျန်ရစ်သူမိသားစုဝင်များထံပေးအပ်ခဲ့ကြသည်။

ထို့ပြင် ကျန်ရှိသည့် သေဆုံးသူ ၁ ဦးအတွက် အာ မခံအကျိုးခံစားခွင့်ထပ်မံရရှိရန်လည်း AAC မ ဟာမိတ်အဖွဲ့မှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သေဆုံးသူ မြန်မာနိုင်ငံသား ၂ ဦးအတွက် အာမခံအကျိုးခံစားခွင့်ရရှိရန် ထိုင်းနိုင်ငံတာဝန်ရှိသူ များ၊ပုဂ္ဂလိက ကားအာမခံကုမ္မဏီနှင့် AAC မဟာ မိတ်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here