ဗန်ကောက်တွင် တံတားပေါ်မှမြန်မာနိုင်ငံသားတစ်ဦးခုန်ချရန်ကြံစည်ခဲ့၍ ထိုင်းရဲတပ်ဖွဲ့က ဖျောင်းဖြကယ်ဆယ်

0
328

ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့၊ဟွေးခဝမ်ရပ်၊ထနွန်ဖစ်ဥထိုင်လမ်းမကြီး၏ ဖလမ်ကောင်း ၉ အထွက်လမ်းရှိ တံတားပေါ်တွင် နိုဝင်ဘာ ၁၃ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနေ့ညနေ ၄ နာရီကျော်ခန့်က ဖလမ်ကောင်း ၉ အထွက်လမ်းရှိ တံတားပေါ်မှအမျိုးသားတစ်ဦးခုန်ချရန်ကြံစည်နေကြောင်းသတင်းအရ ထိုင်းရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရန်သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ တံတားလက်ရမ်း၏ဘေးတစ်ဘက်စွန်းတွင်ရပ်၍ ခုန်ချရန်ကြံစည်နေသည့် မြန်မာနိုင်ငံသား ကိုအဒီး(၃၀)နှစ်ကျော်ခန့်အား တွေ့ရှိရသဖြင့် ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖျောင်းဖြကာကယ်ဆယ်နိုင်ခဲ့ကြကြောင်း သိရသည်။

တံတားပေါ်မှခုန်ချရန်ကြံစည်ရသည့်အကြောင်းရင်းအား ထိုင်းရဲတပ်ဖွဲ့ဝင်များကစစ်ဆေးရာ အလုပ်အကိုင်မရှိ၍ မြန်မာနိုင်ငံသို့ပြန်ချင်သော်လည်း ငွေကြေးမရှိသည့်အပြင် ပတ်ပို့စ်နှင့်အ ထောက်အထားစာရွက်စာတမ်းများမရှိသဖြင့် စိတ်ဖိစီးမှုများကာခုန်ချရန်ကြံစည်ခဲ့ခြင်းဖြစ် ကြောင်း သိရှိခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here