တက္ကဆက် လေကြောင်း စွမ်းရည်ပြပွဲတွင် လေယာဉ်နှစ်စင်း တိုက်မိရာ လူ ၆ ဦး သေဆုံးခဲ့

0
249

တက္ကဆက်ပြည်နယ်တွင် စနေနေ့က ကျင်းပခဲ့သော ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် လေကြောင်းပြပွဲ၌ ခေတ်ဟောင်း စစ်လေယာဉ်နှစ်စင်း ပျံသန်းစဉ် တိုက်မိပြီး မြေပြင်ပေါ်သို့ ပျက်ကျခဲ့ရာ လူခြောက်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

“ဒါလက်စ် စီရင်စုရဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူ ပြောကြားချက်အရ မနေ့က ဖြစ်ပွားခဲ့တဲ့ လေကြောင်း စွမ်းရည်ပြပွဲ မတော်တဆမှုမှာ စုစုပေါင်း လူခြောက်ဦး သေဆုံးခဲ့ပါတယ်” ဟု ဒါလက်စ် စီရင်စု တရားသူကြီး ကလေးဂျန်ကင်စ် က တနင်္ဂနွေနေ့တွင် သူ၏ တရားဝင်တွစ်တာအကောင်း၌ ရေးသားခဲ့သည်။

တိုက်မိခဲ့သော လေယာဉ်နှစ်စင်းမှာ ဘိုအင်း ဘီ-၁၇ ဖလိုင်းရင်း ဖောထရက်စ်နှင့် ဘဲလ် ပီ-၆၃ ကင်းကိုဘရာ လေယာဉ်အသေးတစ်စင်း တို့ဖြစ်သည်။

ဘီ-၁၇ တွင် ပုံမှန်အားဖြင့် အဖွဲ့ဝင် လေးဦးမှ ငါးဦးအထိ ပါဝင်လေ့ရှိသော်လည်း ပီ-၆၃ တွင်မူ လေယာဉ်မှူး တစ်ဦးကသာ မောင်းနှင်ရကြောင်း ဂုဏ်ပြုလေတပ် (Commemorative Air Force – CAF) ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။

ထိုသို့သော ပြပွဲများ၌ မောင်းနှင်ရသည့် လေယာဉ်မှူးများမှာ စေ့စပ်သေချာစွာ လေ့ကျင့်ယူထားသော အတွေ့အကြုံရှိ စေတနာ့ဝန်ထမ်းများဖြစ်ပြီး အငြိမ်းစားယူထားသော စစ်ဘက် လေယာဉ်မှူးများလည်းမကြာခဏဆိုသလို ပါဝင်လေ့ရှိကြောင်း သူကဆိုသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here