Monday, December 23, 2024

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်ခန်းမအား ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊...

သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ GDP ပမာဏတိုးတက်လာစေမည်

သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းကကျင်းပသည့်...

စည်းလုံးညီညွတ်မှုကိုဆက်လက်ကာကွယ်ထိန်းသိမ်းသွားလိုသည့်အတွက် ဘာသာရေးခေါင်းဆောင်များက အသိ၊ ပညာ၊...

မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံ၏ စည်းလုံးညီညွတ်မှုကိုဆက်လက်ကာကွယ်ထိန်းသိမ်းရန်လိုအပ်သည့်အတွက် ဘာသာရေးခေါင်းဆောင်များက အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းမွန်အောင် တည့်မတ်ပေးကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်...

အမေရိကန်တိုက်လေယာဉ်တစ်စင်း အချင်းချင်း မှားယွင်းပစ်ချခံရ

အမေရိက၏ F/A-18 တိုက်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၂၂ ရက်အစောပိုင်းက ပင်လယ်နီဝေဟင်တွင် မှားယွင်း၍ ပစ်ချခံခဲ့ရပြီး လေယာဉ်မှူးနှစ်ဦးမှာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်သည် အချင်းချင်းမှားယွင်းပစ်ခတ်မှုဟု...
HomeInternationalအမေရိကန်နှင့် တရုတ်တို့ စည်းလုံးညီညွတ်စွာ...

အမေရိကန်နှင့် တရုတ်တို့ စည်းလုံးညီညွတ်စွာ နေထိုင်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် တောင်းဆို

တရုတ်၊ ရုရှားနှင့် အမေရိကန်တို့ တက်ရောက်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် လတ်တလော ဖြစ်ပေါ်နေသော ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများကြောင့် နိုင်ငံတိုင်း အခက်တွေ့နေရကြောင်းပြောကြားပြီး၊ စည်းလုံးကြရန်၊ အပြန်အ လှန် လေးစားသမှု ပြုကြရန်နှင့် နိုင်ငံစုံဝါဒတွင် ပါဝင်ကြရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တောင်းဆိုခဲ့သည်။

နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြီးခဲ့သည့် ရက်များက ကျင်းပခဲ့သော အရှေ့အာရှ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားရာတွင် မစ္စတာဟွန်ဆန်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ခေါင်းဆောင်များသည် ကျွန်ုပ်တို့ ရင်ဆိုင်နေရသော ဖြစ်တည်မှုဆိုင်ရာနှင့် ဗျူဟာမြောက် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပွင့်လင်းပြီး နိုင်ငံတိုင်း ပါဝင်နိုင်သော နိုင်ငံစုံဝါဒ၊ လက်တွေ့ အကျိုးမျှော်ဝါဒနှင့် အပြန်အလှန် လေးစားသမှု ပြုခြင်းတို့ကို လက်ကိုင်ပြုလျက် ခင်မင်ရင်းနှီးစွာ နေထိုင်ကြရန် မျှော်လင့်ပါသည်”ဟုလည်း ဟွန်ဆန်က ထပ်လောင်းပြောကြားခဲ့သေးသည်။

တင်းမာနေသည့် နိုင်ငံများကို နာမည်တပ် ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့သော်လည်း တရုတ်နှင့် အမေရိကန်ကြားတွင် ထိုင်ဝမ်အရေးနှင့် အာရှပစိဖိတ်ဒေသတွင် ဩဇာလွှမ်မိုးနိုင်ရေး အားပြိုင်မှုများကြောင့် ကာလအတန်ကြာ တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း အားလုံးသိကြပြီးဖြစ်သည်။

အမေရိကန်နှင့် တရုတ်ကြား ဆက်ဆံရေးတင်းမာလာမှုကြောင့် ဖြစ်ပေါ်လာမည့် စစ်အေးတိုက်ပွဲသစ်တွင် အရှေ့တောင်အာရှအနေဖြင့် အသုံးချခံမဖြစ်စေရန်ကို အင်ဒိုနီရှား သမ္မတ ဝီဒိုဒိုကလည်း ကတိပြုခဲ့သည်။

Source: Aljazeera

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်ခန်းမအား ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ထိုသို့ ဖွင့်လှစ်ပေးပြီးနောက် နစက ဥက္ကဋ္ဌမှ အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းမှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်ကြောင်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အဖြစ် စတင်ပေါ် ပေါက်လာမည့် စိုက်ပျိုးရေးကောလိပ်နှင့်သုတေသနဗိမာန်အား ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် မန္တလေးမြို့၌စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည့် သမိုင်းကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် စိုက်ပျိုးရေးကောလိပ်စတင်ဖွင့်လှစ်ချိန်မှစ၍ ယနေ့အချိန်အထိ “၃ နှစ်...

သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ GDP ပမာဏတိုးတက်လာစေမည်

သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းကကျင်းပသည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧက စုစုပေါင်း (၃၃)သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာဖူလုံမှုရှိစေရေး၊ ပြည်ပကိုတိုးချဲ့တင်ပို့ရောင်းချနိုင်ရေးနှင့် သွင်းကုန်အစားထိုးပမာဏတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးတို့ကို ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ပန်းတိုင်ရည်မှန်းချက်သည် အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ်ထားခြင်းဖြစ်၍ ဒေသအလိုက်ပန်းတိုင်ပြည့်မှီရေး စနစ်တကျသုံးသပ်ဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ကြောင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုသည် နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဟု ပြောသည်။ "...

စည်းလုံးညီညွတ်မှုကိုဆက်လက်ကာကွယ်ထိန်းသိမ်းသွားလိုသည့်အတွက် ဘာသာရေးခေါင်းဆောင်များက အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းမွန်အောင်တည့်မတ်ပေးကြရန် နစကဥက္ကဋ္ဌ တိုက်တွန်း

မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံ၏ စည်းလုံးညီညွတ်မှုကိုဆက်လက်ကာကွယ်ထိန်းသိမ်းရန်လိုအပ်သည့်အတွက် ဘာသာရေးခေါင်းဆောင်များက အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းမွန်အောင် တည့်မတ်ပေးကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church ၌ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများ ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယညစာစားပွဲသို့တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဘာသာတရားသည် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစေရေးအတွက် အဆုံးအမတစ်ခု၊ အ သိတရားတစ်ခုဖြစ်ပြီး ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071