အမေရိကန်နှင့် တရုတ်တို့ စည်းလုံးညီညွတ်စွာ နေထိုင်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် တောင်းဆို

0
287

တရုတ်၊ ရုရှားနှင့် အမေရိကန်တို့ တက်ရောက်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် လတ်တလော ဖြစ်ပေါ်နေသော ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများကြောင့် နိုင်ငံတိုင်း အခက်တွေ့နေရကြောင်းပြောကြားပြီး၊ စည်းလုံးကြရန်၊ အပြန်အ လှန် လေးစားသမှု ပြုကြရန်နှင့် နိုင်ငံစုံဝါဒတွင် ပါဝင်ကြရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တောင်းဆိုခဲ့သည်။

နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြီးခဲ့သည့် ရက်များက ကျင်းပခဲ့သော အရှေ့အာရှ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားရာတွင် မစ္စတာဟွန်ဆန်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ခေါင်းဆောင်များသည် ကျွန်ုပ်တို့ ရင်ဆိုင်နေရသော ဖြစ်တည်မှုဆိုင်ရာနှင့် ဗျူဟာမြောက် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပွင့်လင်းပြီး နိုင်ငံတိုင်း ပါဝင်နိုင်သော နိုင်ငံစုံဝါဒ၊ လက်တွေ့ အကျိုးမျှော်ဝါဒနှင့် အပြန်အလှန် လေးစားသမှု ပြုခြင်းတို့ကို လက်ကိုင်ပြုလျက် ခင်မင်ရင်းနှီးစွာ နေထိုင်ကြရန် မျှော်လင့်ပါသည်”ဟုလည်း ဟွန်ဆန်က ထပ်လောင်းပြောကြားခဲ့သေးသည်။

တင်းမာနေသည့် နိုင်ငံများကို နာမည်တပ် ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့သော်လည်း တရုတ်နှင့် အမေရိကန်ကြားတွင် ထိုင်ဝမ်အရေးနှင့် အာရှပစိဖိတ်ဒေသတွင် ဩဇာလွှမ်မိုးနိုင်ရေး အားပြိုင်မှုများကြောင့် ကာလအတန်ကြာ တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း အားလုံးသိကြပြီးဖြစ်သည်။

အမေရိကန်နှင့် တရုတ်ကြား ဆက်ဆံရေးတင်းမာလာမှုကြောင့် ဖြစ်ပေါ်လာမည့် စစ်အေးတိုက်ပွဲသစ်တွင် အရှေ့တောင်အာရှအနေဖြင့် အသုံးချခံမဖြစ်စေရန်ကို အင်ဒိုနီရှား သမ္မတ ဝီဒိုဒိုကလည်း ကတိပြုခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here