ကာတာရှိ ကမ္ဘာ့ဖလားဖွင့်ပွဲ၌ ပါဝင်ဖျော်ဖြေမဟုတ်ကြောင်း ဒူအာ လီပါ ပြောလာ

0
310

ကာတာနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ ပါဝင်ဖျော်ဖြေမည်ဟူသော သတင်းများအပေါ် မဟုတ်မှန်ကြောင်း နာမည်ကျော် ဗြိတိသျှ အဆိုတော် ဒူအာ လီပါက  ငြင်းဆိုခဲ့သည်။

ထို့ပြင် ကာတာတွင် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းများ တိုးတက် ကောင်းမွန်လာသည့်အခါမှသာ သွားရောက်ဖျော်ဖြေမည် ဖြစ်ကြောင်း လီပါက ပြောသည်။

အိမ်ရှင် ကာတာနိုင်ငံ၏ ရွေ့ပြောင်းလုပ်သားများအပေါ် ပြုမူဆက်ဆံပုံနင့် လိင်တူဆက်ဆံရေးအား ပြစ်မှု တစ်ခုအဖြစ် ပြဌာန်းထားပုံတို့ကြောင့် မကြာမီ ကျင်းပပြုလုပ်တော့မည့် ကမ္ဘာ့ဖလားပွဲများသည်လည်း အငြင်းပွားစရာများနှင့် ပြည့်နှက်နေလျက်ရှိသည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့် ပတ်သက်၍ ၎င်း၏ သတင်းများထွက်ပေါ်လာပြီးနောက် လီပါက အင်စတာဂရမ်ပေါ်တွင် ပို့စ်တစ်ခုတင်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ “အခုလတ်တလော ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနားမှာ ကျွန်မ ပါဝင် ဖျော်ဖြေမယ်ဆိုတဲ့ သတင်းတွေအများကြီး ထွက်ပေါ်နေပါတယ်။ ကျွန်မက အဲဒီပွဲမှာ ဖျော်ဖြေမှာ မဟုတ်သလို ဖျော်ဖြေဖို့လည်း တစ်ခါမှ မညှိနှိုင်းခဲ့ဖူးပါဘူး” ဟု လီပါက ရှင်းလင်းရေးသားခဲ့သည်။

အင်္ဂလန်သူ လီပါက မိခင်နိုင်ငံအသင်းအား အဝေးကနေသာ အားပေးနေမည် ဟုလည်း ရေးသားခဲ့သည်။

အခုလက်ရှိအထိ ဘီတီအက်စ်အဖွဲ့ဝင်မှ ဂျောင်ကွက်ခ် တစ်ဦးတည်းကသာ အဆိုပါအဖွင့်ပွဲ အခမ်းအနား၌ ပါဝင်ရန် တရားဝင် အတည်ပြုထားသည်။

Source: TheGuardian


LEAVE A REPLY

Please enter your comment!
Please enter your name here