ကန်သမ္မတနှင့်အင်ဒိုသမ္မတတို့တွေ့ဆုံပြီး မိတ်ဖက်ဆက်ဆံရေးသစ်တည်ဆောက်ခဲ့

0
259

နိုဆာဒူဝါ၊နိုဝင်ဘာ ၁၄

ကန်သမ္မတနှင့်အင်ဒိုသမ္မတတို့သည် နိုဝင်ဘာ ၁၄ ရက်နေ့ကတွေ့ဆုံခဲ့ကြပြီး မိတ်ဖက်ဆက်ဆံရေးအသစ်ကိုအပြီးသတ်တည်ဆောက်ကာ နှစ်နိုင်ငံ၏အရေးပါသော မဟာဗျူဟာများကို အလေးပေးဖော်ပြခဲ့ကြောင်းသိရှိရသည်။

အင်ဒိုသမ္မတဂျိုကိုဝီကမူ ကန်သမ္မတ၏ G – 20 ထိပ်သီးအစည်းအဝေးတက်ရောက်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ၎င်းအနေဖြင့် G – 20 ထိပ်သီးအစည်းအဝေးသည် ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုအားရရှိစေနိုင်ပြီး ကမ္ဘာ့စီးပွားရေးပြန်လည်နလန်ထူလာနိုင်ရန် ကူညီပေးနိုင်မည်ဟုမျှော်လင့်ကြောင်းလည်းပြောကြားခဲ့သည်။

အင်ဒိုနိုင်ငံအားတက်ကြွပြီး အရေးပါသောမိတ်ဖက်နိုင်ငံဟုဆိုပြီး နှစ်နိုင်ငံပိုမိုကောင်းမွန်သောအနာဂတ်ကိုရရှိရန် အတူတကွလုပ်ဆောင်ရမည်ဟုလည်း မစ္စတာဘိုင်ဒင်ကပြောကြားခဲ့သည်။ယင်းနောက်၎င်းတို့နှစ်ဦးသည် ၂၀၂၃ ခုနှစ်အတွက် အာဆီယံဥက္ကဌအဖြစ်ဆောင်ရွက်မည့် အင်ဒိုနီးရှားအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်းအမေရိကန်အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းအပြင်မစ္စတာဘိုင်ဒင်သည် အာဆီယံအဓိကမဏ္ဍိုင်ကတိကဝတ်နှင့် အင်ဒို – ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံအမြင်အတွက် ၎င်း၏ထောက်ခံမှုကိုလည်း ထပ်လောင်းပြောကြားခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းတို့နှစ်ဦးသည် ကန်သမ္မတဘိုင်ဒင်နှင့်တရုတ်သမ္မတရှီတို့၏ တွေ့ဆုံဆွေးနွေးမှုမတိုင်ခင်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here