ပြုံယမ်းအရေး ဂျပန်နှင့်တောင်ကိုရီးယားတို့ ပထမဆုံးထိပ်သီးဆွေးနွေးပွဲကျင်းပ

0
226

ဖနွမ်းပင်၊နိုဝင်ဘာ ၁၃

မကြာသေးမီကပြုလုပ်ခဲ့သောမြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများကြောင့် ဂျပန်ဝန်ကြီးချုပ်နှင့်တောင်ကိုရီးယားသမ္မတတို့သည် သုံးနှစ်နီးပါးကာလအတွင်း ပထမဆုံးအနေဖြင့် တရားဝင်ထိပ်သီးအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

ကမ္ဘောဒီးယား၌ကျင်းပနေသည့် ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ၎င်းတို့နှစ်ဦးတွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ပြုံယမ်း၏လက်နက်ခြိမ်းခြောက်မှုအတွက် နှစ်နိုင်ငံနီးကပ်စွာပူး‌ေပါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေါင်းဆောင်များကထပ်လောင်းအတည်ပြုခဲ့သည်။

၎င်းတို့နှစ်ဦး၏တွေ့ဆုံမှုအပြီးတွင် သတင်းထောက်များအားဝန်ကြီးချုပ်ကီရှီဒါက ၎င်းတို့နှစ်ဦးသည်မြောက်ကိုရီးယားအရေးအပြင် လွတ်လပ်ပွင့်လင်းသော အင်ဒို – ပစိဖိတ်ဒေသကိုအကောင်အထည်ဖော်ရန် အတူတကွလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ကနှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲအပြီးတွင် စစ်အတွင်းအလုပ်သမားပြဿနာနှင့်ပတ်သက်၍ ဆိုင်းငံ့ထားသည့်ပြဿနာများကို အမြန်ဆုံးဖြေရှင်းရန်နှစ်ဘက်စလုံးက ထပ်မံသဘောတူခဲ့ကြောင်း ကီရှီဒါကပြောကြားခဲ့သည်။မြောက်ကိုရီးယား၏ ဒုံးကျည်များနှင့်နျူအစီအစဉ်များအပေါ် စိုးရိမ်မှုများကြီးထွားလာခြင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအားပိုမိုကျောချင်းကပ်နီးကပ်စေခဲ့သည်။

မကြာသေးမီအချိန်က မြောက်ကိုရီးယား၏ဆက်တိုက်ဆိုသလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကြောင့်လည်း အရှေ့မြောက်အာရှတွင် တုန်လှုပ်ခြောက်ခြားမှုများဖြစ်ပေါ်စေခဲ့ပြီး မြောက်ကိုရီးယားအစိုးရသည် သတ္တမအကြိမ်မြောက်နျူလက်နက်စမ်းသပ်မှုအတွက် ပြင်ဆင်မှုများပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတယွန်းဆော့ယော်ကပြောကြားခဲ့သည်။

တနင်္ဂနွေနေ့တွင်လည်း ကီရှီဒါနှင့်ယွန်းတို့သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်လည်း သုံးနိုင်ငံတွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားအရေးကိုသာ အဓိကထားဆွေးနွေးခဲ့ကြသည်။ယင်းနောက်မစ္စတာကီရှီဒါကနှစ်နိုင်ငံ၊သုံးနိုင်ငံစသဖြင့်ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုအရေးကြီးလာကာ မြောက်ကိုရီးယားတွင်နျူလုံးဝကင်းစင်ရေးအတွက် ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားရန် သုံးနိုင်လုံးကသဘောတူညီခဲ့ကြောင်းကို မီဒီယာများအားထုတ်ဖော်ပြောကြားခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here