တရုတ်သည်အနောက်အုပ်စုမှ ခွဲထွက်လိမ့်မည်မဟုတ်ဟုအဲဘတ်စ်စီအီးအိုပြောကြား

0
197

ဘာလင်၊နိုဝင်ဘာ ၁၄

အဲဘက်စ်ကုမ္ပဏီအမှုဆောင်ချုပ် Guillaume Faury က တရုတ်နှင့်အနောက်နိုင်ငံများသည် ရေရှည်တွင်၎င်းတို့အချင်းချင်း အပြန်အလှန်မှီခိုမှုကိုလျှော့ချနိုင်သည်ကို ၎င်းအနေဖြင့်ယုံကြည်သော်လည်း ကုန်သွယ်ရေးဆက်ဆံမှုများကိုဖြတ်တောက်မည်ဟု သံသယ မရှိဟုပြောကြားခဲ့သည်။

“ဘယ်လိုအကြောင်းအရာတွေပဲရှိရှိ စီးပွားရေးနယ်ပယ်ပြိုကွဲသွားဖို့ဆိုတာတော့စဥ်းစားလို့‌ တောင်မရပါဘူး” ဟု ၎င်းက Business daily သို့ပြောကြားခဲ့ပြီး “ဒါဟာလက်တွေ့တော့မဆန်ပါဘူး” ဟုလည်းပြောကြားခဲ့သည်။

အဲဘတ်စ်ကုမ္ပဏီသည် တရုတ်တွင်၎င်းကိုယ်ပိုင်ထုတ်လုပ်မှုအတွက် ဈေးကွက်ရှယ်ယာ ၅၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားကြောင်းပြောကြားခဲ့သည်။မစ္စတာ Faury ကမူ အဆိုပါရှယ်ယာအားချဲ့ထွင်ချင်ကြောင်းနှင့် ၎င်းတို့၏ထုတ်ကုန်များသည် နိုင်ငံတွင်းဝယ်လိုအားများနေခြင်းကို အခြေခံကောင်းတစ်ခုအဖြစ်ရှုမြင်ကြောင်းလည်းပြောကြားခဲ့သည်။

ထို့နောက်ပါရီနှင့်ဘာလင်ကြားရှိ မကြာသေးမီကဖြစ်ပေါ်ခဲ့သော တင်းမာမှုများသည်လည်း လျော့ကျသွားပြီ ဖြစ်ကြောင်းပြောကြားခဲ့သည်။

မကြာသေးမီကစွမ်းအင်မူဝါဒနှင့်ပတ်သက်၍ တင်းမာနေသည့်ပြင်သစ်နှင့်ဂျာမနီအစိုးရများကြားကဆက် ဆံရေးနှင့်ပတ်သက်၍လည်း “ကျွန်တော့်အမြင်အရတော့ အပြန်အလှန်ပြော ဆိုမှု တွေက ပြင်းထန်ပေမယ့်အခြေနေအရမ်းမဆိုးပါဘူး” ဟု ၎င်းကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here