ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန် ကိုဗစ်ကူးစက်ခံထားရဟုဆို

0
218

အင်ဒိုနီးရှား၌ G – 20 ထိပ်သီးအစည်းအဝေးတက်ရောက်နေစဉ်အတွင်း မိမိကို COVID-19 ကူးစက်ခံထားရသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်က သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံသို့ပြန်လာမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

ဝန်ကြီးချုပ်သည်အင်ဒိုသို့မထွက်ခွာမီနေ့တိုင်း ကိုဗစ်စစ်ခဲ့ကြောင်းနှင့် မထွက်ခွာမီကကိုဗစ်ကင်းစင်ကြောင်းဆိုသည်။ အင်ဒို၌ရှိနေစဉ်လည်းနေ့စဉ်ကိုဗစ်စစ်ဆေးနေရာမှ ယခုကဲ့သို့ ကိုဗစ်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုရေးသားထားသည်။

ကိုဗစ်ရှိနေကြောင်းသိရှိရသော်လည်း ထူးထူးခြားခြားလက္ခဏာမျိုးမရှိကြောင်းပြောကြားခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်က ယမန်နေ့ညက မိမိက နောက်ကျသဖြင့် ပြင်သစ်သမ္မတစီစဉ်သည့် နိုင်ငံ့ခေါင်းဆောင်အချို့နှင့် ညစာစားပွဲသို့မတက်ရောက်လိုက်နိုင်ခြင်းမှာ အားလုံးအတွက် ကံကောင်းသွားသည်ဟုလည်းဆိုခဲ့သည်။

အစည်းအဝေးတက်ရောက်လာကြသည့် ကိုယ်စားလှယ်များဘေးကင်းရေးအတွက် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံသို့ပြန်သင့်သည်ဟုလည်းဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ သူကိုယ်တိုင်လည်း ယနေ့ညနေတွင် ကမ္ဘောဒီးယားသို့ပြန်မည်ဖြစ်ကာ ရောဂါလက္ခဏာမပြင်းထန်သော်လည်း ဝန်ကြီးချုပ်အပြန်တွင်ကြိုဆိုခြင်းမျိုးမလုပ်ရန်ပြောကြားခဲ့သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here